မာလာဝီဒုသမ္မတလေယာဉ်ပျက်မှုဖြင့် သေဆုံး



(နိုင်ငံတကာ) ဇွန် ၁၂

မာလာဝီနိုင်ငံ၏ ဒုတိယသမ္မတဖြစ်သူ Saulos Klaus Chilima သည်လေယာဉ်ပျက်ကျမှုတစ်ခုတွင်သေဆုံးခဲ့ကြောင်းသိရသည်။

ဒုတိယသမ္မတ Saulos Klaus Chilima စီနင်းလိုက်ပါလာသည် စစ်ဘက်လေယာဉ်သည် မာလာဝီနိုင်ငံ၏မြို့တော် လီဝမ်ဂွေမှ အမ်ဇူဇူအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။

မာလာဝီနိုင်ငံ၏ တရားရေးဝန်ကြီးဟောင်းတစ်ဦး၏ ဈာပနသို့တက်ရောက်ရန် သွားသည့် ဒုတိယသမ္မတနှင့်ယာဉ်ပေါ်ပါသူအားလုံး သေဆုံးခဲ့ကြောင်းသိရသည်။

Chilima လာမည်သက်တမ်းတွင် သမ္မတဖြစ်ရန် ရေပန်းစားသူတစ်ဦးဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၅၁ နှစ်ရှိပြီဖြစ်သည်။

ဒုတိယသမ္မတ Chilima နှင့် လိုက်ပါလာသူ ၉ ဦးလုံးသေဆုံးခဲ့ပြီး မာလာဝီစစ်တပ်မှ ၎င်းတို့၏ ကျွင်းကျန် ရုပ်ကလာပ်များအား မာလာဝီမြို့တော်သို့ ပြန်လည်သယ်ယူနေကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ