၂၀၂၅ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာဘွဲတံဆိပ်တော်များကို ပြည်ပဘွဲခံရဟန်းအပါအဝင် သီလရှင်နှင့် လူပုဂ္ဂိုလ်များ လျှောက်ထားနိုင်


(ပြည်တွင်း) မေ ၃၁

၂၀၂၅ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာဘွဲတံဆိပ်တော်များကို ပြည်ပဘွဲခံရဟန်းအပါအဝင် သီလရှင်နှင့် လူပုဂ္ဂိုလ်များ လျှောက်ထားနိုင်


(ပြည်တွင်း) မေ ၃၁

လာမည့် ၂၀၂၅ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်များကို ပြည်ပဘွဲ့ခံရဟန်းအပါအဝင် သီလရှင်နှင့် လူပုဂ္ဂိုလ်များလျှောက်ထားနိုင်တယ်လို့ ကိုရီယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မေလ ၂၉ ရက်တွင် အသိပေးထုတ်ပြန်ထားကြောင်းသိရပါတယ်။

မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ဂန္ထဓုရ၊ ဝိပဿနာဓုရ၊ ပရိယတ္တိ၊ ပဋိပတ္တိ ဝန်ဆောင်ဆရာတော်ကြီးများနှင့် ပြည်တွင်း၊ ပြည်ပသာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓဘာသာသာသနာတော်အား ပစ္စည်းလေးပါး တို့ဖြင့် ထူးခြားစွာ ထောက်ပံ့ လှူဒါန်းလျက်ရှိနေသော ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်များကို နှစ်စဉ်ဆက်ကပ်ချီးမြှင့် အပ်နှင်းပေးလျက်ရှိပါတယ်။

ထိုကဲ့သို့ နှစ်စဉ်ချီးမြှင့်လျက်ရှိရာ လာမည့် ၂၀၂၅ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းသွားမှာဖြစ်တာကြောင့် သက်ဆိုင်ရာတံဆိပ်တော်အလိုက် ဂုဏ်အင်္ဂါအရည်အချင်းနှင့် ပြည့်စုံသည့် ပြည်ပဘွဲခံ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်(အမျိုးသား/အမျိုးသမီး)များအနေဖြင့် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

လျှောက်ထားလိုမှုများရှိပါက သတ်မှတ်ပုံစံများကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက် နောက်ဆုံးထားကာ ဆိုးလ်မြိုရှိ မြန်မာသံရုံး Email: [email protected] သို့ လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန် ထားပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ