စက်မှုဝန်ကြီးဌာနမှ အကောင်အထည်ဖော်နေသည့် သံမဏိစက်ရုံစီမံကိန်းနှစ်ခု ပြီးစီးပါက တစ်နှစ်လျှင်တန်ချိန် ငါးသိန်းခန့်ကို ထပ်မံဖြည့်တင်းထုတ်လုပ်ပေးနိုင်မည်ဟုဆို


(စီးပွားရေး) မေ ၃၀

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း၌ တစ်နှစ်လျှင် သံနှင့်သံမဏိတန်ချိန် တစ်သန်းခန့်ထုတ်လုပ်လျက်ရှိပြီး ပြည်ပမှသံမဏိတန်ချိန် နှစ်သန်းခန့် တင်သွင်းရသဖြင့် တစ်နှစ်လျှင် သံနှင့်သံမဏိတန်ချိန် သုံးသန်းခန့်လိုအပ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က ပြောသည်။

မေလ ၂၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြိုရှိ Chatrium Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံ သံနှင့်သံမဏိ အသင်းပထမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ပြောဆိုချက်တွင် စက်မှုဝန်ကြီးဌာနမှ သံမဏိစက်ရုံစီမံကိန်းနှစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး အဆိုပါစီမံကိန်းနှစ်ခု ပြီးစီးပါက တစ်နှစ်လျှင် တန်ချိန်ငါးသိန်းခန့်ကို ထပ်မံဖြည့်တင်းထုတ်လုပ်ပေးနိုင် မည်ဖြစ်ကာ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏သံမဏိလိုအပ်ချက်ကို ပံ့ပိုးပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်းလည်း ပါရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ