MFF Futsal Amateur Cup 2024 ပြိုင်ပွဲပထမဆု ကျပ်သိန်း ၅၀ ချီးမြှင့်မည်


(အားကစား) မေ ၃၀

MFF Futsal Amateur Cup 2024 ပြိုင်ပွဲကို ဇွန်လ ၂၂ ရက်မှစတင်ကာ အသင်းပေါင်း ၅၀ နဲ့ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ရာ ပထမဆု ကျပ်သိန်း ၅၀၊ ဒုတိယဆုကျပ်သိန်း ၃၀ နှင့် တတိယဆုကို ကျပ် ၁၅ သိန်း ချီးမြှင့်သွားမယ်လို မြန်မာနိုင်ငံဖူဆယ်ဘောလုံးအဖွဲချုပ်ကနေ သိရပါတယ်။

လက်ရှိမှာ ပြိုင်ပွဲဝင်အသင်း ၄၄ သင်း မှတ်ပုံတင်ခွင့်ပြုထားပြီး အသင်းအရေအတွက်ပြည့်မီရန် ၆ သင်း လိုအပ်နေသေးကြောင်း သိရပါတယ်။ ပြိုင်ပွဲအတွက် မှတ်ပုံတင်လိုတဲ့ အသင်းများအနေနဲ့ မြန်မာနိုင်ငံဘောလုံး အဖွဲချုပ်(ဖူဆယ်)နှင့် သဲသောင်ပြင်ဌာနမှာ ပြိုင်ပွဲဝင်လျှောက်လွှာများကို မေလ ၃၁ ရက်အထိ သွားရောက်ထုတ်ယူ နိုင်ပြီး အသင်းမှတ်ပုံတင်သွင်းခြင်းကို ဇွန်လ ၁ ရက်မှ ၁၀ ရက်အထိ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲကို မေလ ၁၅ ရက်မှာ စတင်ကျင်းပမယ်လို အသိပေးထားပေမယ့် ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများစာရင်းသွင်းခြင်းကိစ္စရပ်များကြောင့် ယခုအခါ ဇွန် ၂၂ ရက်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ပါတယ်။

MFF Futsal Amateur Cup 2024 ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်တက်ရောက်ခွင့်ရရှိသော အသင်းများအနေနဲ့ MFF Futsal Championship 2024 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပြီး MFF Futsal League II 2024 ပြိုင်ပွဲသို့ ဝင်ရောက်ကစားနိုင်မည့် အခွင့်ရေးလည်းရရှိမှာ ဖြစ်ပါတယ်။

VK Link>>…
https://vk.com/wall-220066330_6508

Telegram>>…
https://t.me/positiveanglenews

PAN

SZ