တမာနှင့် ယူကလစ်ပျိုးပင် ၂၇၀၀ ကျော်ကို ကျွန်းလှသစ်တောဦးစီးဌာနမှစိုက်ပျိုးခဲ့


(စိုက်ပျိုးရေး) မေ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သဘာပတ်ဝန်းကျင် စိမ်းလန်းစိုးပြည်ရေးအတွက် ၂၀၂၄ ခုနှစ်၊ မိုးရာသီ၌ ဌာနအစီအစဉ်ဖြင့် တမာနှင့် ယူကလစ် (၂၇၂၀) စိုက်ပျိုးပြီး ဖြစ်ကြောင်း ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ထိုသို့ စိုက်ပျိုးရာတွင် ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)၌ တမာပျိုးပင် (၃၀၀)နှင့် ကျေးရွာတစ်ရွာနှစ်ဧကအဖြစ် ဇီးတောကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယူကလစ်ပျိုးပင် (၂၄၂၀)ကို စိုက်ပျိုးပြီး‌ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သစ်ပင်စိုက်ပျိုးပွဲတွင် ပျိုးပင် (၅၀၀)၊ လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင် (၁၅၀)၊ ပြည်သူ လူထုစိုက်ပျိုးရန် ပျိုးပင် (၉၉၀၀)၊ ဌာနဆိုင်ရာနှင့် တပ်ရင်းတပ်ဖွဲ့စိုက်ပျိုးရန် ပျိုးပင် (၆၇၃၀)ကို ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန်အတွက် ကျွန်း (၂၀၀၀)၊ တမာ (၅၀၀၀)၊ ပျဉ်းကတိုး (၃၀၀၀) ခရေ (၄၀၀၀)၊ စွယ်တော် (၃၀၀၀)၊ ယူကလစ် (၃၀၀၀) စုစုပေါင်းပျိုးပင် (၂၀၀၀၀)နှင့် အထူးပျိုးပင်အဖြစ် ပျိုးပင် (၄၀၀၀) ကို ပျိုးထောင်ထားရှိကြောင်း မြိုနယ်သစ်တောဦးစီးဌာနမှ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ