နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၃၁၈ ဘီလီယံကျော်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများဖွံဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိဟုဆို


(စီးပွားရေး) မေ ၂၈

၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစီမံကိန်းအား ရုံးချုပ်နှင့် တိုင်းဒေသကြီး လက်ကျန်ရန်ပုံငွေ နွေစပါးချေးငွေမှ ပြန်လည်ကောက်ခံရရှိမည့် ငွေများဖြင့် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၏ အဆိုပြုဧကအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲများ၏ စိစစ် အဆိုပြုဧက ၉ ဒသမ ၆ သိန်းအား လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ (မိုးမြေပဲ) စီမံကိန်းဧက ၁ ဒသမ ၀၈ သိန်းကို ဆောင်းဆီထွက်သီးနှံမှ ချေးငွေပြန်လည်ကောက်ခံရရှိမည့်ငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စုစုပေါင်းကျပ် ၃၁၈ ဒသမ ၉၁၄ ဘီလီယံဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများဖွံဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို ပြည်ထောင်စုနယ်မြေအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြိုနယ် ၁၈ မြိုနယ်၊ တောင်သူ ၁၃၃ ဦး၊ လုပ်ငန်း ၁၆၃ ခုမှ စိုက်ပျိုးမြေဧက ၁၄၀၀ ကျော်အတွက် စိုက်ပျိုးရေရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍဆောင်ရွက်မှုတွင် ၂၀၂၂ – ၂၀၂၃ ခုနှစ်၌ ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းအတွက် သုံးစွဲခဲ့သည့်ချေးငွေနှင့် ဝန်ဆောင်ခအားလုံး ပြန်လည်ရရှိပြီးဖြစ် ကြောင်း၊ ကျန်ရှိသော စီမံကိန်းလုပ်ငန်းများ၏ ချေးငွေနှင့် ဝန်ဆောင်ခများကို သတ်မှတ်ကာလ အချိန်မီရရှိရေးနှင့် အပြည့်အဝကောက်ခံရရှိရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးခြောက်ခုနှင့် ပြည်နယ်လေးခုတိုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မွေးမြူရေးစီမံကိန်းဖြစ်သည့် အသားတိုးကြက်၊ ဥစားဘဲ၊ အသားတိုးဝက် မွေးမြူရေးအတွက် ချေးငွေအဆိုပြုလျှောက်ထားလာသူ မွေးမြူသူ၊ မွေးမြူသူအစုအဖွဲများ၊ သွင်းအားစုထောက်ပံ့သူများ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲချုပ်တိုနှင့် စီမံကိန်း လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် မွေးမြူရေးစီမံကိန်းတွင်ပါဝင်သည့် နိုစားနွား၊ အသားတိုး နွား၊ ဥစားကြက်နှင့် သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်း များကို နေပြည်တော်၊ တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ်နှစ်ခုတိုတွင် ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ