ထောက်ရှာကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ရွာခွဲတာဝန်ခံ၏ ဇနီးအား အကြမ်းဖက်သမားများက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း) မေ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ နယ်၊ စိတ္ထိန်းကျေးရွာအုပ်စု၊ ထောက်ရှားကျေးရွာ​တွင် မေ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့် က ပြည်ခိုင်ဖြိုးပါတီ ရွာခွဲတာဝန်ခံ၏ ဇနီးဖြစ်သူအား အကြမ်းဖက် PDF များမှ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒေါ်ခင်သင်းကြည်၊ အသက် ၄၄ နှစ်သည် ၎င်း၏နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးမောင်ညိုမှာ ငွေကြေးပြည့်စုံပြီး ကျေးရွာတွင် သြဇာတိက္ကမ ရှိသူတစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ရွာခွဲတာဝန်ခံလည်း ဖြစ်သူသည် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုကြောင့် ကျေးရွာတွင်မနေဘဲ အခြားသို့ တိမ်းရှောင်နေခဲ့ရာ ဦးမောင်ညိုအား မတွေ့သဖြင့် အကြမ်းဖက်သမားများက ဇနီးဖြစ်သူ ဒေါ်ခင်သင်းကြည်အား သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ