ဘီးလင်းမြို့နယ်ရှိ တံတားအား သောင်းကြမ်းသူ KNU/PDF အဖွဲ့မှ မိုင်းထောင်ဖျက်ဆီး


(ပြည်တွင်း) မေ ၂၃

ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်ရှိ တံတား ၁ စင်းမိုင်းခွဲ ဖျက်ဆီးခံရကြောင်း သိရသည်။

အဆိုပါ ကားလမ်းပေါ်ရှိ အရှည် ၁၀၆ ပေ၊ အကျယ် ၂၄ ပေရှိ တံတားအမှတ် ၁/၁၃၀၊ မစောတံတား(ဒေသအခေါ်)ကိုအကြမ်းဖက် သောင်းကျန်းသူ KNU/ PDF အဖွဲ့ (စိစစ်ဆဲ)မှ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသိရပြီး အခင်းဖြစ်နေရာသို့ ပူးပေါင်းလုံခြုံ‌ရေးအဖွဲ့မှ သွားရောက်စစ်ဆေးရာ သောင်းကြမ်းသူ KNU/PDF အဖွဲ့ (စိစစ်ဆဲ)မှ တံတားအောက်ခြေ၌ လက်လုပ်မိုင်း (အမျိုးအစားစိစစ်ဆဲ)ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့၍ တံတားမှာကျိုးကျပျက်စီးသွားပြီး ကာလတန်ဖိုး ငွေကျပ် သန်း ၁၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ တံတားကျိုးကျပျက်စီးခြင်းကို သိရှိခြင်းမရှိသည့် သထုံဘက်မှ ဘီးလင်းဘက်သို့ ဆိုင်ကယ်အမျိုးစား (စိစစ်ဆဲ) ၃ စီးဖြင့် အမျိုးသား ၃ ဦး (ကိုယ်ရေးစိစစ်ဆဲ)မှ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကျိုးကျနေ သည့် မစောတံတားအတွင်းသို့ ပြုတ်ကျခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသား ၂ ဦး ဒဏ်ရာအသီးသီး ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒဏ်ရာရသူများကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျှက်ရှိကြောင်းသိရပြီး ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်များဖြတ်သန်း သွားလာ နိုင်ခြင်းမရှိကြောင်းနှင့်ယာဉ်လမ်းပိတ်ဆို့မှု မဖြစ်ပွားစေရေး ဘီးလင်းတပ်နယ်နှင့် သက်ဆိုင်ရာမိတ်ဘက်အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ