တောင်အင်းကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှုး၏ နေအိမ်အား Drop Bomb ချ တိုက်ခိုက်ရန် ပျံသန်းလာသည့် Drone ၁စင်း ပျက်ကျ


(ပြည်တွင်း)မေ ၂၂

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်၊တောင်အင်းကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူး ခြံဝန်းအတွင်းတွင် ယမန်နေ့ မွန်းတည့် ၁၂နာရီ ၄၀မိနစ်အချိန်ခန့်က အကြမ်းဖက်သမားများ လွတ်တင်သည့် Drone ၁စင်းပြုတ်ကျလာကြောင်း သိရသည်။

ဖြစ်စဥ်မှာ တောင်အင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမျိုး(​ပြည်သူ့စစ်တာဝန်ခံ)၏ နေ အိမ်ခြံဝင်းအား အကြမ်းဖက် ခေါင်းဆောင်/အင်အား(စီစစ်ဆဲ) အဖွဲ့မှ Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ရန် Drone ၁စင်း ပျံသန်းလာစဉ် နေအိမ်ခြံဝင်းအတွင်း၌ Drone ဖြတ်တောက်သည့် ကိရိယာ တပ်ဆင်ထားသည့်အတွက် နေအိမ်ခြံဝင်းအပေါ်သို့ အရောက်တွင် Drone မှာ အောက်သို့ ပြုတ်ကျလာသဖြင့် Drone ၁စင်း ရရှိလိုက်ကြောင်း သိရှိရသည်။

#PAN