(အားကစား) မေ ၂၀
ချီလီတင်းနစ်သမား နီကိုးလက်စ် ဂျာရီ ဟာ အီတလီအိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ ဗိုလ်လုပွဲ အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
မေလ ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ဂျာရီ က ဆီဒင်အဆင့် (၁၄) ရရှိထားတဲ့ အမေရိကန်နိုင်ငံသား တွမ်မီပေါလ် နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဆီဒင်အဆင့် သိပ်မကွာတဲ့ ကစားသမား ၂ ဦး ထိပ်တိုက်ဆုံတာဖြစ်လို့ ပွဲက အပြန်အလှန်ရိုက်ချက်တွေနဲ့ အကြိတ်အနယ်ရှိခဲ့တာပါ။
ဂျာရီ က ပထမပွဲလတ်အနိုင်နဲ့ ဦးဆောင်ခဲ့ပေမယ့် ဒုတိယပွဲလတ်မှာတော့ တွမ်မီပေါလ် က အနိုင်ပြန်ရခဲ့လို ဗိုလ်လုပွဲတက်ခွင့်အဆုံးအဖြတ်အဖြစ် တတိယပွဲလတ်ကို ဆက်ကစားခဲ့ရပါတယ်။
ပွဲကစားချိန် ၂ နာရီ ၄၄ မိနစ် ကြာမြင့်ခဲ့ပြီးနောက် ဂျာရီ က ၆း၃၊ ၆း၇၊ ၆း၃ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ATP 1000 အဆင့်ပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်ခွင့် ရသွားခဲ့ပါတယ်။
ဗိုလ်လုပွဲမှာတော့ ဆီဒင်အဆင့်(၂၁)ရထားတဲ့ ဂျာရီက ဆီဒင်အဆင့်(၃)ရထားတဲ့ ဂျာမနီနိုင်ငံသား ဗီရက်ဗ် နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဗီရက်ဗ် က ဆီမီးဖိုင်နယ်အဆင့်မှာ ချီလီနိုင်ငံသား တာဘီလို ကို အနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews/22773