အာဆီယံကော်မတီဝါရှင်တန်နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊   ဒုတိယလက်ထောက်ဝန်ကြီးတို့ အလုပ်သဘော နေ့လယ်စာစားပွဲသို့ မြန်မာသံရုံး ယာယီတာဝန်ခံတက်ရောက်

ဇွန် ၁၆

        အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington – ACW) ၏ လှုပ်ရှားမှုအဖြစ် ကော်မတီအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. Keo Chhea က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တောင်နှင့် အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက်ဝန်ကြီး Ms. Lindsey W. Ford အား အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် ဝါရှင်တန်မြို့ရှိ ကမ္ဘောဒီးယားသံရုံး၌ ၁၄-၆-၂၀၂၃ ရက်နေ့၊ မွန်းလွဲပိုင်းက တည်ခင်းဧည်ခံခဲ့ပါသည်။

         ယင်းအစီအစဉ်သို့ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ဝင်းသည် အခြားအာဆီယံ သံရုံးအကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပြီး၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ အရှေ့တောင်အာရှဒေသဆိုင်ရာ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။

      အလုပ်သဘော နေ့လယ်စာစားပွဲတွင် အာဆီယံနှင့် အမေရိကန်နိုင်ငံ တို့အကြား ထူထောင်ထားပြီးဖြစ်သော ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးနှင့်အညီ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်မည့်ကိစ္စရပ်များ၊ အင်ဒို-ပစိဖိတ်ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေ အနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

#PAN