(ပြည်တွင်း) ဧပြီ ၂၄
ပြီးခဲ့သည့် ၉ ရက်နေ့ကစပြီး ဖြတ်သန်းခွင့် ပိတ်ထားလိုက်သည့် မြစ်ကြီးနား-ပူတာအိုကားလမ်းပေါ်ရှိ ဆွမ်ပီယန်ကျေးရွာအတွင်း၌ လက်ရှိအချိန်တွင်အခြေခံစားသောက်ကုန်များ ပြတ်လပ်နေပြီး စက်သုံးဆီများပါ ပြတ်လတ်လာနေပြီဖြစ်ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
“အရေးပေါ် ဖျားနာသူတွေကိုတောင် ဆေးရုံပို့ဆောင်ပေးဖို့အတွက် အခက်အခဲတွေရှိနေတယ်။ ရိက္ခာလည်းပြတ်ခါနီးနေပြီ” ဟု ဒေသခံများကပြောသည်။
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းပိုင်းအား ဖြတ်သန်းခွင့် ပိတ်ထားလိုက်သည့် ကာလရက်ကြာမြင့်လာသည့် နောက်ဆက်တွဲ ရလဒ်အဖြစ်ဒေသခံပြည်သူတို့ ခါးစည်းခံနေရကြောင်း သိရသည်။
မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း ပြန်ဖွင့်မည့် အချိန်အတိကျမသိရှိရသေးသည့်အပြင် အကြမ်းဖက် KIA PDFတို့ကလည်း ၎င်းတို့ခွင့်ပြုချက်မရဘဲပြင်ပသို့ထွက်ခွင့်မပေးခြင်း လူငယ်စာရင်းအားအတိအကျရယူထားပြီး တပ်သားသစ်စုဆောင်းခြင်းများကို မကြာခဏ ပြုလုပ်နေသဖြင့် ဒေသခံတို့အနေဖြင့် စိုးရိမ်ပူပမ်မှုများရှိနေကြောင်း
ဆွမ်ပီယန်ကျေးရွာသည် မြစ်ကြီးနား-ပူတာအိုလမ်းပေါ်တွင်တည်ရှိသည့်ရွာကြီးဖြစ်ကာ မြစ်ကြီးနားမှ မိုင် ၁၂၀ ကျော်ခန့် ခရီးကွာဝေးသည့် အချက်သည်လည်း KIA PDF တို့အတွက်စိတ်ထင်တိုင်းလုပ်ဆောင်ခွင့်ရနေခြင်းလည်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံက သိရပါသည်။
Telegram»…
https://t.me/positiveanglenews/21959