၃၂ ကြိမ်မြောက် ရွှေပညာဒါန(အခမဲ့) သင်တန်းတက်ရောက်လိုသူများကို ရန်ကုန်ရွှေအသင်းဖိတ်ခေါ်


(ပြည်တွင်း) ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ၃၂ ကြိမ်မြောက် ရွှေပညာဒါန(အခမဲ့)သင်တန်း အသိပညာပေး ရွှေသင်တန်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းအမှတ်စဉ် ၁၃ တို့ကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို တက်ရောက်လိုသူများအနေနဲ့ သင်တန်းတက်ရောက်ခွင့် ပုံစံကို(အခမဲ့) တောင်းယူ ဖြည့်စွက်ပြီး ဓာတ်ပုံ (၃) ပုံနှင့်အတူ လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ရွှေပညာဒါန (အခမဲ့) သင်တန်းကို မေလ ၂ ရက်မှ ၁၁ ရက်အထိ နံနက် ၈ နာရီမှ ၁၀ နာရီအချိန်တွင်း အမှတ် (၄၂ /၅၀)၊ ပထမထပ်၊ ရွှေဘုံသာ(အောက်)လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့မှာ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းမှာ ငွေကြေးခဝါချမှု အသိပညာပေးခြင်း၊ ရွှေတူးဖော်ခြင်း၊ ရွှေသန့်စင်ခြင်းနှင့် မီးလင်းရွှေ ဈေးကွက် ရောင်းဝယ်ခြင်း၊ ရွှေပန်းတိမ်၊ ရွှေဆိုင်ဖွင့်ရန် အခြေခံတွက်ချက်နည်း၊ ရွှေအပေါင်ခံခြင်း၊ ရွှေဒင်္ဂါး/ငွေဒင်္ဂါး၊ ကျောက်မျက်ပညာ၊ ရွှေဆိုင်ဖွင့်လှစ်ခြင်း၊ အသုံးချ ရွှေသင်္ချာတို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

သင်တန်းသားဦးရေ ကန့်သတ်ထားပြီး အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉၄၅၀၀၄၉၂၈၂ ၊ ၀၉၂၅၁၉၉၂၇၂၇ သို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်းလည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews/21960

PAN