(ပြည်တွင်း)ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာ၊ အောင်မင်္ဂလာကန်တွင် ယနေ့ညနေ ၅ နာရီအချိန်ခန့်က ရာအိမ်မှူး ၃ ဦး ငါးပက်နေစဉ် ဆိုင်ကယ် ၁ စီးဖြင့် အကြမ်းဖက် PDF(စိစစ်ဆဲ)၊ ၁ ဦးမှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက်သမား၏ ပစ်ခတ်မှုကြောင့် ဆတ်သွားကျေးရွာ ရာအိမ်မှူးများဖြစ်သည့် ဦးခင်မောင်အေး ၆၅ နှစ်တွင် ဝဲဘက် နောက်စေ့ ကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာမျက်စေ့အောက် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်ပြင် ကျည်ဖောက်ထွက် ဒဏ်ရာ ၁ ချက်၊ ဦးသန်းဌေး ၅၂ နှစ်တွင် ဝဲဘက်နားနောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနားထင် ကျည်ဖောက်ထွက် ဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ဦးဟန်ဦးခိုင် ၄၂ နှစ်တွင် ပါးစပ်မှကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ဂုတ်ပိုးမှ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရသည်။
၎င်းရာအိမ်မှူး ၃ ဦးအား သေနတ်ဖြင့်ပစ်ခတ်သွားသူ အကြမ်းဖက် PDF (စိစစ်ဆဲ)သည် ဆတ်သွား သင်္ချိုင်းကုန်းဘက်သို့ ထွက်ပြေးသွားကြောင်း အခင်းဖြစ်နေရာ အနီးမှ A USA 9mm Luger ကြေးရောင် ကျည်ခွံ ၂ ခု၊ Win 9mmLuger ကြေးရောင် ကျည်ခွံ ၂ ခု၊ PMC 9mm Luger ကြေးရောင် ကျည်ခွံ ၁ ခု၊ စုစုပေါင်းကျည်ခွံ ၅ ခုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူ ဦးခင်မောင်အေး၊ ဦးသန်းဌေးနှင့် ဒဏ်ရာရရှိသူ ဦးဟန်ဦးခိုင် တို့အား တောင်တွင်းကြီးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဦးဟန်ဦးခိုင်မှာ ဒဏ်ရာပြင်းထန်သည့်အတွက် နေပြည်တော်၊ ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင် ကုသလျက်ရှိကြောင်း သိရှိရသည်။
Telegram Link>>…
https://t.me/positiveanglenews/21869?single