ဇွန် ၁၅
အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရှိ လေဆိပ်တွင် မနေ့က မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။
ပြီးခဲ့သည့် ဇွန်လ၁၄ရက် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းအချိန် တွင် အဆိုပါလေဆိပ် စစ်ဆေးရေးဧရိယာအနီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးတောက်နှင့် မီးခိုးများ ထပ်မံပျံ့နှံ့ခြင်း မရှိစေရန်အတွက် မီးကို ငြိမ်းသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်လို့ ဒေသဆိုင်ရာ ဒာာဏာပိုင်းများက တရားဝင်ထုတ် ပြန်ကြေညာ ခဲ့ကြပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကာလကတ္တား လေဆိပ် အဆောက်အအုံအတွင်းရှိ လူများကို ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ခဲ့ပြီး ယခုအခါ တွင် လေဆိပ်လုပ်ငန်းများ ပုံမှန်ပြန်ဖြစ်နေပါပြီလို့ အိန္ဒိယ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။