ကျောက်တံခါးမြို့နယ်တွင် အကြမ်းဖက် KNU/PDF အဖွဲ့များက ထောင်ထားသော မိုင်းကြောင့် ဟိန္ဒူဘာသာဝင် တောင်သူတစ်ဦးထိခိုက်ဒဏ်ရာရ


ဧပြီ ၇

အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့သည် မဆင်မခြင်အသိညာဏ်မဲ့စွာ မိုင်းထောင်ထားရာမှ အပြစ်မဲ့သာမာန် လယ်ယာလုပ်ကိုင်သူ တောင်သူတစ်ဦး ပဲများအားခူးဆွတ်ရန် မိမိပိုင်လယ်ယာမြေအတွင်းသို့သွားရောက်ရာမှ မိုင်းထိမှန်ပေါက်ကွဲခဲ့သဖြင့် အသက်အန္တရာယ်စိုးရိမ်ရမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေထံက နေသိရပါတယ်။

ဖြစ်စဥ်မှာဧပြီလ ၇ ရက်နေ့ နံနက် ၉း၁၀ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ တောင်ခင်ကျေးရွာအုပ်စု၊ လေးအိမ်စု ကျေးရွာတွင် ဆာရီသာကူမာရီး ၁၈ နှစ်၊ လယ်လုပ်၊ ဟိန္ဒူ/ဗုဒ္ဓ၊ ဘာဘူကုန်းကျေးရွာနေသူသည် ပဲများအား ခူးရန်အတွက် လေးအိမ်စုကျေးရွာ၏ အနောက်ဘက် ကိုက်(၂၀၀)ခန့်အကွာရှိ လယ်ကွက်ထဲသို့ လမ်းလျှောက်ဖြတ်သန်းသွားခဲ့ရာ ၎င်းလယ်ကွက်ထဲတွင် ဆာရီသာကူမာရီးသည် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များဖြစ်သော KNU/PDF များ ထောင်ထားသည့် အမျိုးအစား(စိစစ်ဆဲ)မိုင်းတက်နင်းမိခဲ့ရာ ဝဲဘက် လက်ချောင်းသုံးချောင်း စုတ်ပြဲဒဏ်ရာ၊ ယာဘက် ခြေဖမိုး ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက် ခြေကျင်းဝတ်မှ ခြေဖျားအထိ ကြေမွဒဏ်ရာများ ရရှိခဲ့သဖြင့် အတွင်းလူနာ(မစိုးရိမ်ရ)ဖြင့် ဆေးရုံသို့တင်ပို့ ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။

PAN