
ယခုအပတ် သူ့အတွေးနဲ့ သူ့အရေးကဏ္ဍ ကနေ “ ဘယ်အရာနဲ့အရွေ့ဆီကိုသွားမလဲ “ ဆိုတဲ့ အကြောင်းအရာတစ်ချို့ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
“ကမ္ဘာ့ထိပ်သီးနိုင်ငံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ နိုင်ငံရေး စစ်ရေး စီပွားရေးအားပြိုင်မှုကနေ ကမ္ဘာကို လွှမ်းမိုးဖို့ ကြိုးပမ်းလာကြပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးတစ်နိုင်ငံဖြစ်ဖို့ခုလို ကြုံးဝါးခဲ့တယ်။
“ ငါတို့တိုင်းပြည်မှာ လူမျိုးပေါင်းစုံနေထိုင်ကြတယ် ဒီလူမျိုးပေါင်းစုံနဲ့ဘဲ တိုင်းပြည်ကြီးကိုတည်ဆောက်ထားရတာဖြစ်တယ်၊ လူမျိုးပေါင်းစုံဆိုတဲ့အနေအထားမတူတာကို အားအဖြစ်ယူကြမယ်၊ ဒီအားနဲ့ တို့နိုင်ငံကြီးကို ညီညီညွတ်ညွတ်နဲ့တွန်းတင်ကြမယ်” ဆိုတဲ့ ပြိုင်တူတွန်းအားကြောင့် ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးဖြစ်လာခဲ့တယ်။
ဂျပန်ဆိုတဲ့နိုင်ငံကလည်း “ငါတို့နိုင်ငံသားတွေဟာ နေမျိုးနေနွယ်တွေဖြစ်လို့ အလွန်မြင့်မြတ်တဲ့လူမျိုးတွေဖြစ်ကြတယ်လို့ဆိုတယ်၊ အဲဒါကို ငါတို့က အားအဖြစ်ယူကြမယ်” ဆိုပြီး ညီညီညွတ်ညွတ်နဲ့နိုင်ငံကိုတွန်းတင်ခဲ့ကြလို့ ဂျပန်နိုင်ငံဟာ ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးတစ်နိုင်ငံ ဖြစ်ခဲ့ရတယ်။
နောက်ထပ် ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ ဂျာမဏီနိုင်ငံကတော့ “ငါတို့ဂျာမန်လူမျိုးဆိုတာ ဥရောပမှာ အမြင့်မြတ်ဆုံးမျိုးနွယ်ကနေ ဆင်းသက်လာကြတယ်၊ ကမ္ဘာမှာ ငါတို့လူမျိုးသည်သာ အမြင့်မြတ်ဆုံးလူသားမျိုးနွယ်တွေဖြစ်တယ်ဆို”လို့ဆိုတယ်။
တရုတ်ကတော့ “တိန့်ရှောင်ဖိန့်က ချမ်းသာတာဟာ မင်္ဂလာရှိတယ်။ ကြောင်ဖြူကြောင်မည်း လိုရင်းမဟုတ်၊ ကြွက်မိဖို့ကအဓိကပဲဟေ့” ဆိုပြီး တပ်လှန့်နှိုးဆော်ခဲ့တယ် ဒီစကားဟာ တရုတ်တွေအတွက် ခွန်အားဖြစ်စေခဲ့လို့ သူတို့ရဲ့ကြိုးပမ်းမှုဟာ ခုဆိုရင် ကမ္ဘာ့ နံပါတ်တစ်ဆိုတဲ့ တရုတ်ကတောင် ကြောက်ရတော့မယ့်အနေအထားကိုရောက်ရှိနေပြီဖြစ်ပါတယ်။
စာရေးသူအတွေးတစ်ခုဝင်လာတယ်။ မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံးရှိတဲ့ တိုင်းပြည်ကြီးနှစ်ပြည်ရဲ့ ကြားထဲမှာရှိနေပါတယ်။ အချိန်မရွေးလူမျိုးပျောက်ကွယ်သွားနိုင် တယ်။ နောက် သမိုင်းနဲ့ချီတဲ့ရန်ဘက်နိုင်ငံနဲ့လည်းကပ်နေပါတယ်။ အချိန်မရွေးနောက်ကျောဓါးနဲ့အထောက်ခံရနိုင်ပါတယ်။ နောက်တစ်နိုင်ငံက လစ်ရင်လစ်သလိုသွေးတိုးစမ်းပြီး နယ်မြေလုချင်နေပါတယ်။ လုလည်းလုနေပါတယ်။ တိုင်းပြည်နဲ့ မဆန့်လျှံကျလာနေတဲ့ အဲဒီလူမျိုးတွေဟာ ပြည်တွင်းထဲခွေးတိုးပေါက်ကနေခိုးဝင်ကြပါတယ်။ အဲဒီခိုးဝင်သူတွေဟာ ဒီနိုင်ငံအပေါ်သစ္စာမခံသလို တိုင်းရင်းသား ၁၃၅ မျိုးကိုလည်းသစ္စာမခံပါဘူး။ စက္ကန့်နဲ့အမျှ ၁၃၅ မျိုးလုံးအတွက် အန္တရာယ်ရှိနေပါတယ်။
နောက်ဆုံးအချက်က ကမ္ဘာ့ပင်လယ်ရေကြောင်းကို ချုံ့ပြစ်နိုင်တဲ့ ပင်လယ်ပြင်အနေအထားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အဲဒီအချက်ကဘဲ မြန်မာပြည်ကြီးကို ကမ္ဘာ့ထိပ်သီးနိုင်ငံဖြစ်စေပါလိမ့်မယ်။
အဲဒီတော့ မြန်မာပြည်ဟာ တွေးကြည့်လေ ညီညွတ်ဖို့အထူးလိုအပ်လေလေဖြစ်ပါတယ်၊ မြန်မြန်ညီညွတ်လေလေ မြန်မြန်ချမ်းသာလေလေနိုင်ငံဖြစ်ပါတယ်၊ အဲဒီအရာတွေကို အားအဖြစ်ယူပြီး တိုင်းပြည်ကို ညီညီညွတ်ညွတ်တွန်းတင်လိုက်ရင် ဒီကနေ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံကျိန်းသေဖြစ်မှာပါ၊ မြန်မာနိုင်ငံဟာ အားယူဖို့ အားဖြစ်စရာအကြောင်းတွေရှိနေတာဖြစ်ပါတယ်။
ယခုဖော်ပြပေးခဲ့တာကတော့ သူ့တို့ရဲ့အတွေးမိသမျှနဲ့ သူ့ရေးနိုင်သမျှ PAN ကို ရေးသားပေးပို့လာကြတဲ့ ရေးသားပေးပို့သူတွေရဲ့ ပေးပို့စာတွေကို သူ့အတွေးနဲ့သူ့အရေးကဏ္ဍ တစ်ရပ်အဖြစ်ဖော်ပြပေးထားတာဖြစ်ပါတယ်။
PAN ကို သတင်း ဆောင်းပါး သရော်စာတွေကို ရေးသားပေးပို့လိုလျှင် PAN ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့ 09779725979 ကိုဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။
#PAN