သူ့အတွေးနဲ့သူ့အရေးကဏ္ဍ (ဘယ်အရာနဲ့အ​ရွေ့ဆီကိုသွားမလဲ)

ယခုအပတ် သူ့အတွေးနဲ့ သူ့အရေးကဏ္ဍ ကနေ “ ဘယ်အရာနဲ့အ​ရွေ့ဆီကိုသွားမလဲ “ ဆိုတဲ့ အကြောင်းအရာတစ်ချို့ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

“ကမ္ဘာ့ထိပ်သီးနိုင်ငံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ နိုင်ငံရေး စစ်ရေး စီပွားရေးအားပြိုင်မှုကနေ ကမ္ဘာကို လွှမ်းမိုးဖို့ ကြိုးပမ်းလာကြပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အ​မေရိကန်နိုင်ငံဟာ ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးတစ်နိုင်ငံဖြစ်ဖို့ခုလို ကြုံးဝါးခဲ့တယ်။

“ ငါတို့တိုင်းပြည်မှာ လူမျိုး​ပေါင်းစုံ​​နေထိုင်ကြတယ် ဒီလူမျိုး​ပေါင်းစုံနဲ့ဘဲ တိုင်းပြည်ကြီးကိုတည်​ဆောက်ထားရတာဖြစ်တယ်၊ လူမျိုး​ပေါင်းစုံဆိုတဲ့အ​နေအထားမတူတာကို အားအဖြစ်ယူကြမယ်၊ ဒီအားနဲ့ တို့နိုင်ငံကြီးကို ညီညီညွတ်ညွတ်နဲ့တွန်းတင်ကြမယ်” ​ဆိုတဲ့ ပြိုင်တူတွန်းအားကြောင့် ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးဖြစ်လာခဲ့တယ်။

ဂျပန်ဆိုတဲ့နိုင်ငံကလည်း “ငါတို့နိုင်ငံသား​တွေဟာ ​နေမျိုး​နေနွယ်​တွေဖြစ်လို့ အလွန်မြင့်မြတ်တဲ့လူမျိုး​တွေဖြစ်ကြတယ်လို့ဆိုတယ်၊ အဲဒါကို ငါတို့က အားအဖြစ်ယူကြမယ်” ဆိုပြီး ညီညီညွတ်ညွတ်နဲ့နိုင်ငံကိုတွန်းတင်ခဲ့ကြလို့ ဂျပန်နိုင်ငံဟာ ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးတစ်နိုင်ငံ ဖြစ်ခဲ့ရတယ်။  

နောက်ထပ် ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ ဂျာမဏီနိုင်ငံကတော့ “ငါတို့ဂျာမန်လူမျိုးဆိုတာ ဥ​ရောပမှာ အမြင့်မြတ်ဆုံးမျိုးနွယ်က​နေ ဆင်းသက်လာကြတယ်၊ ကမ္ဘာမှာ ငါတို့လူမျိုးသည်သာ အမြင့်မြတ်ဆုံးလူသားမျိုးနွယ်​တွေဖြစ်တယ်ဆို”လို့ဆိုတယ်။

တရုတ်ကတော့ “တိန့်​ရှောင်ဖိန့်က ချမ်းသာတာဟာ မင်္ဂလာရှိတယ်။ ​ကြောင်ဖြူ​ကြောင်မည်း လိုရင်းမဟုတ်၊ ကြွက်မိဖို့ကအဓိကပဲ​ဟေ့” ဆိုပြီး တပ်လှန့်နှိုး​ဆော်ခဲ့တယ် ဒီစကားဟာ တရုတ်တွေအတွက် ခွန်အားဖြစ်စေခဲ့လို့ သူတို့ရဲ့ကြိုးပမ်းမှုဟာ ခုဆိုရင် ကမ္ဘာ့ နံပါတ်တစ်ဆိုတဲ့ တရုတ်ကတောင် ကြောက်ရတော့မယ့်အနေအထားကိုရောက်ရှိနေပြီဖြစ်ပါတယ်။

စာ​ရေးသူအတွေးတစ်ခုဝင်လာတယ်။  မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိပါတယ်။ ကမ္ဘာ့လူဦး​ရေအများဆုံးရှိတဲ့ တိုင်းပြည်ကြီးနှစ်ပြည်ရဲ့ ကြားထဲမှာရှိ​နေပါတယ်။ ​အချိန်မ​ရွေးလူမျိုး​ပျောက်ကွယ်သွားနိုင် တယ်။ နောက် သမိုင်းနဲ့ချီတဲ့ရန်ဘက်နိုင်ငံနဲ့လည်းကပ်​နေပါတယ်။ ​​အချိန်မ​ရွေး​နောက်​ကျောဓါးနဲ့အ​ထောက်ခံရနိုင်ပါတယ်။ နောက်တစ်နိုင်ငံက လစ်ရင်လစ်သလို​သွေးတိုးစမ်းပြီး နယ်​မြေလုချင်​နေပါတယ်။ လုလည်းလုနေပါတယ်။ တိုင်းပြည်နဲ့ မဆန့်လျှံကျလာ​နေတဲ့ အဲဒီလူမျိုး​တွေဟာ ပြည်တွင်းထဲ​ခွေးတိုး​ပေါက်က​နေခိုးဝင်ကြပါတယ်။ အဲဒီခိုးဝင်သူ​တွေဟာ ဒီနိုင်ငံအ​ပေါ်သစ္စာမခံသလို တိုင်းရင်းသား ၁၃၅ မျိုးကိုလည်းသစ္စာမခံပါဘူး။ ​​စက္ကန့်နဲ့အမျှ ၁၃၅ မျိုးလုံးအတွက် အန္တရာယ်ရှိ​နေပါတယ်။

နောက်ဆုံးအချက်က ကမ္ဘာ့​ပင်လယ်​ရေ​ကြောင်းကို ချုံ့ပြစ်နိုင်တဲ့ ပင်လယ်ပြင်အနေအထားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အဲဒီအချက်ကဘဲ မြန်မာပြည်ကြီးကို ကမ္ဘာ့ထိပ်သီးနိုင်ငံဖြစ်​စေပါလိမ့်မယ်။

အဲဒီတော့ မြန်မာပြည်ဟာ ​တွေးကြည့်​လေ ညီညွတ်ဖို့အထူးလိုအပ်​လေ​လေဖြစ်ပါတယ်၊ မြန်မြန်ညီညွတ်​လေ​လေ မြန်မြန်ချမ်းသာ​လေ​လေနိုင်ငံဖြစ်ပါတယ်၊ အဲဒီအရာ​တွေကို အား​အဖြစ်ယူပြီး တိုင်းပြည်ကို ညီညီညွတ်ညွတ်တွန်းတင်လိုက်ရင် ဒီက​နေ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံကျိန်း​သေဖြစ်​မှာပါ​၊ မြန်မာနိုင်ငံဟာ အားယူဖို့ အားဖြစ်စရာအ​ကြောင်းတွေရှိ​နေတာဖြစ်ပါတယ်။

ယခုဖော်ပြပေးခဲ့တာကတော့  သူ့တို့ရဲ့အတွေးမိသမျှနဲ့ သူ့ရေးနိုင်သမျှ PAN ကို ရေးသားပေးပို့လာကြတဲ့ ရေးသားပေးပို့သူတွေရဲ့ ပေးပို့စာတွေကို သူ့အတွေးနဲ့သူ့အရေးကဏ္ဍ တစ်ရပ်အဖြစ်ဖော်ပြပေးထားတာဖြစ်ပါတယ်။

PAN ကို သတင်း ဆောင်းပါး သရော်စာတွေကို ရေးသားပေးပို့လိုလျှင် PAN ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့ 09779725979 ကိုဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။

#PAN