( ပြည်တွင်း) ဧပြီ ၃
မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအုပ်စု၊ တပ်ကြီးကုန်းကျေးရွာ တောင်ပိုင်း၊ ကွင်းအမှတ်(၅၈၂/က)၊ အမှတ်(၄)လမ်မကြီး မိုင်တိုင်အမှတ် ၁၁/၅နှင့် ၁၁/၆ကြား လမ်းဘေး ကိုက်(၁၀၀)ခန့်အကွာတွင် ယနေ့ ညနေ ၃ နာရီ၄၀မိနစ် အချိန်ခန့်က ရှော့တိုက်ဒုံးများ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မှော်ဘီလေတပ်စခန်းဘက်သို့ ပစ်ခတ်ရန် အသင့်ပြင်ဆင်ထားရှိသည့် ၁၀၇မမ ရှော့တိုက်ဒုံး(၄)လုံးအား ဝါယာကြိုးများဖြင့် ချိတ်ဆက်ပူးတွဲ ထားလျက် ဒုံးပစ်ဆင်တွင်အသင့်တင်ထားရှိပြီး ဆာလာအိတ်ဖြင့်ထည့်ထားသည့် သဲအိတ်(၂)အိတ်ဖြင့် ဖိထား၍ ကျန်ဆာလာအိတ်ဖြင့်ထည့်ထားသည့် သဲအိတ်(၄)အိတ်အား ဘေးတွင်ပုံလျက်တွေ့ရှိခဲ့ရသည်။
အဆိုပါ နေရာသို့ အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ လာရောက်ရှိ ရှင်းလင်းခဲ့ရာ ၁၀၇ မမ ရှော့တိုက်ဒုံး(၄)လုံး၊ ပစ်စင်(၁)ခု၊ ဆားကစ်ပြား(၁)ပြား၊ 12 V ဘယ်ထရီအိုး အသေး (၁)လုံးတို့အား သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
#PAN
Telegram link
https://t.me/positiveanglenews