နေပြည်တော်တွင် ဖခင်ဖြစ်သူကို သားဖြစ်သူမှ ဝါးရင်းတုပ်ဖြင့် ရိုက်သတ်


( ပြည်တွင်း)ဧပြီ ၃
နေပြည်တော် ဇေယျာသီရိခရိုင်ဇေယျာသီရိမြိုနယ် ကျည်တောင်အုပ်စု/စည်ပင်သာယာကျေးရွာတွင် ယမန်နေ့ည ၇နာရီအချိန်ခန့်က ဖခင်ဖြစ်သူကို သားဖြစ်သူမှ ဝါးရင်းတုပ်ဖြင့် ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ တရားခံ အောင်ခိုင်ဝင်းသည် ၎င်းနေအိမ်အောက်ရှိ ခုတင်ပေါ်တွင်အိပ်ပျော်နေစဉ် ဖခင်ဖြစ်သူ ဦးကျော်မြင့်မှ မွေးရကြိုးမနပ်တဲ့သားဟုပြောဆိုကာ ၄င်းအား အလျား ၃ ပေခန့်ရှိ ဝါးရင်းတုတ်ဖြင့် ဦးခေါင်းအား ရိုက်နှက်သဖြင့် အောင်ခိုင်ဝင်း မှ ၎င်း၏ ဖခင်ဖြစ်သူ ဦးကျော်မြင့် ကိုင်ဆောင်ထားသော တုတ်အားလုယူ၍ အကျိန်ပေါင်းများစွာ ဦးကျော်မြင့် အား ပြန်လည် ရိုက်နှက်ခဲ့ရာ ဦးကျော်မြင့် တွင် ဦးခေါင်းကြေမွဒဏ်ရာ/ဦးခေါင်းယာဘက်ခြမ်း ကွဲရှပေါက်ပြဲဒဏ်ရာ၊ နဖူးယာဘက် ကွဲရှပေါက်ပြဲဒဏ်ရာ၊ မေးစေ့ ယာဘက် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ ဦးကျော်မြင့်ကို နေပြည်တော်၊ ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့စဉ် ဦးကျော်မြင့် မှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့၍ ပြစ်မှုကျူးလွန်သူ အောင်ခိုင်ဝင်း အား ဥပဒေအရ အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews