ကော့ကရိတ်မြို့ကို သောင်းကျန်းသူများ ထပ်မံမီးရှို့ဖျက်ဆီး

(ပြည်တွင်း)မတ်၃၀

၂၀၂၀ ရွေးကောက်ပွဲမသမာမှုများ မဲလိမ်မဲခိုးမှုများ.လုပ်ဆောင်ခဲ့သည့် NLD ပါတီဝင် ထောက်ခံသူများနှင့်ပေါ်ပေါက်လာသည့် ပုန်ကန်သူ အကြမ်းဖက်အုပ်စုများနှင့်သောင်းကျန်းသူများမှာ မြို့ရွာများကိုမီးရှို့ဖျက်ဆီးလျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့ကို ထပ်မံမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က အကြမ်းဖက်သောင်းကျန်းသူများသည် ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက် အထက်ရွာ ရတနာလမ်း စျေးလေးထောင့်ဘက်ရှိ နေအိမ်မှစတင်ကာ မီးရှို့ဖျက်ဆီးနေသည့်အတွက် ကော့ကရိတ်မြို့ ရပ်ကွက် ၂ ခု၌ မီးတောက်များ ရုတ်တရက်တောက်လောင်လာသည်ကို တွေ့မြင်ခဲ့ရကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ၏ မီးရှို့မှုကြောင့် အိမ်အလုံး၂၀ လောင်ကျွမ်းသွားခဲ့ပြီး လောင်ကျွမ်းခဲ့ရသောအိမ်များတွင် ကော့ကရိတ်ခရိုင်ထွေအုပ်ဝန်ထမ်းတစ်ဦး၏ နေအိမ်အပါအဝင် ပြည်ခ်ုင်ဖြိုးပါတီ​ဗဟိုကော်မတီဝင် တစ်ဦး၏နေအိမ်လည်း မီးလောင်ကျွမ်းခဲ့ကြောင်း

နေအိမ်များမီးလောင်ကျွမ်းနေစဥ် မြို့ကျန် မြို့ခံများ အိမ်စောင့်ကျန်သူများစုစည်းကာ လာရောက်ငြိမ်းသတ်ပေးမူကြောင့် အိမ်အလုံး၂၀သာလောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

တချိန်တည်းမှာပင် အကြမ်းဖက်သောင်းကျန်းသူများသည် အမှတ် ၇ ရပ်ကွက် တံတားဦး ဆီစက် လမ်းတွင် မီးစတင်ရိူ့ခဲ့ရာ မတ်လ ၂၉ ရက်နေ့က နာရီပေါင်းများစွာ မီးများတောက်လောင်နေကြောင်းသိရှိရပြီး မီးငြှိမ်းသတ်မည့် မြို့ခံများအား အကြမ်းဖက်သောင်းကျန်းသူများမှ ပသ်ခတ်နေသည့်အတွက် မီးငြိမ်းသတ်ရန် ခက်ခဲနေကြောင်း သိရသည်။

ဓာတ်ပုံညွှန်း – တံတားဦးဗလီ မီးလောင်ကျွမ်းနေမှုကိုအဝေးမှ တွေ့မြင်နေရခြင်းဖြစ်သည်။

PAN