သံဖြူဇရပ်မြို့နယ်က မွန်ရွာကို မွန်တပ်ဖွဲ့နဲ့ PDF ပူးပေါင်းအဖွဲ့ ဝင်တိုက်


(ပြည်တွင်း) မတ် ၂၉

သံဖြူဇရပ်မြို့နယ်က မွန်ရွာကို မွန်တပ်ဖွဲ့နဲ့ PDF ပူးပေါင်းအဖွဲ့ ဝင်တိုက်


(ပြည်တွင်း) မတ် ၂၉

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ မွန်လူမျိုးများ ​နေထိုင်သည့် သက္ကောကျေးရွာကို မွန်ခွဲထွက်တပ်ဖွဲ့နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

မွန်ခွဲထွက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့များသည် ကျေးရွာအတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသည့် သက္ကောစစ်ဆေးရေးဂိတ်အား ယမန်နေ့ မတ် ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နာရီဝက်နီးပါးကြာ တိုက်ခိုက်မှုအတွင်း မွန် ခွဲထွက်ပူးပေါင်းအဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် သံဖြူဇရပ်တပ်နယ်မှ လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးမှုကြောင့် အကြမ်းဖက်သမားများ အထိနာစွာနှင့် ဆုတ်ခွာသွားကြောင်း သိရသည်။

သက္ကောဂိတ်ကျေးရွာကို မွန်ခွဲအထွက်များနှင့် PDF ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

PAN