မတ်လ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ တိုက်ပွဲတွေအခြေအနေကြောင့် လေယာဉ်ပြေးဆွဲမှုတွေ ရပ်နားထားတဲ့ လားရှိုး လေဆိပ်မှာ လေကြောင်းခရီးစဉ်တွေကို မတ်လ ၁၆ ရက်က စတင်ပြီး ပြန်လည်ပြေးဆွဲခွင့်ပြုထားတယ်လို့ လားရှိုးမြို့ ပြည်တွင်း/ ပြည်ပ လေယာဉ်လက်မှတ် အရောင်းဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
လားရှိုးလေဆိပ်မှာတော့ လေယာဉ်ခရီးစဉ်တွေ ပြေးဆွဲမှုကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်ကစတင်ပြီး ခေတ္တရပ်နားထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ လားရှိုးလေဆိပ်မှာ ပြည်တွင်း လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲ ပျံသန်းခွင့်ပြုပေမယ့် ပြေးဆွဲမယ့် လေကြောင်းခရီးစဉ် အချိန်စာရင်း ကတော့ ထွက်ရှိလာတာ မရှိသေးဘူးလို့ လားရှိုးမြို့ ပြည်တွင်း/ ပြည်ပလေယာဉ် လက်မှတ်အရောင်းဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
လားရှိုးလေဆိပ်မှာ ပြေးဆွဲတဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေအနေနဲ့ လားရှိုး-ရန်ကုန်၊ လားရှိုး-မန္တလေး၊ လားရှိုး-တာချီလိတ်၊ လားရှိုး-မြစ်ကြီးနား၊ လားရှိုး-ဟဲဟိုး လေကြောင်းခရီးစဉ်တွေ ပြေးဆွဲနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ လားရှိုးလေဆိပ်မှာ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ပြန်လည်ပျံသန်းပြေးဆွဲမယ်ဆိုရင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေက စနစ်တကျစီမံဆောင်ရွက်ထားပြီးဖြစ်တဲ့အတွက် လုံခြုံရေးအထူးဂရုပြု ကြပ်မတ် ဆောင်ရွက်ပေးဖို့ အကြောင်းကြားထားတယ်လို့လည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက သိရပါတယ်။
#PAN
Telegram link