“အိန္ဒိယ နှင့် ပါကစ္စတန် နိုင်ငံတို့တွင် အပူပိုင်းဆိုင် ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်နေပြီး လာမည့်ရက်အနည်းငယ်တွင်း ပိုမိုအားကောင်း လာနိုင်”

ဇွန် ၁၄

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ အပါအဝင် ပါကစ္စတန်နိုင်ငံ တို့တွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်နေပြီး လာမည့် ရက်အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံ၏ အနောက်ဘက်ပိုင်း ဂူဂျာရတ်ပြည်နယ်နှင့် ပါကစ္စတန်နိုင်ငံ၏တောင်ဘက်ပိုင်းတို့တွင် ပိုမိုအား ကောင်းသော အပူပိုင်းဆိုင် ကလုန်းမုန်တိုင်းအဖြစ် သို့ရောက်ရှိပြီး ၀င်ရောက်တိုက်ခတ်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း နှင့် သဘာဝတရားကြီး၏ ပြင်းထန်သော ထိုးနှက်ချက်များကို အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ တို့သည် ပြီးခဲ့သည့် အင်္ဂါနေ့က စတင်ရင်ဆိုင်နေကြရပြီဖြစ်ပါတယ်လို့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း International Space Station (ISS) က ယနေ့ ဇွန်လ ၁၄ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံနေရသော အိန္ဒိယ – ပါကစ္စတန် နှစ်နိုင်ငံ၏ အာဏာပိုင်များသည် ၎င်းတို့ နိုင်ငံအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရပြီး ငါးဖမ်းလုပ်ငန်းများကို ရပ်တန့်ထားရကာ ဆိုင်ကလုန်း Biparjoy ဝင်ရောက်ချိန်မတိုင်မီ ကယ်ဆယ်ရေး အဖွဲ့များကို ဖြန့်ကျက်နေရာ ချထားခဲ့ရပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။