မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၁)ရပ်ကွက်ရှိ တိုင်းကျန်းမာ ရေး ဝန်ထမ်းအိမ်ယာဝင်းအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူတစ်ဦးမီးလောင်သေဆုံး

မတ် ၇
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၁)ရပ်ကွက်၊ဥယျဉ်တန်းရပ်၊အကွက်အမှတ်(၄၁၃)၊ ၃၅×၃၆လမ်းကြား၊၆၆×၆၇ လမ်းကြား၊တိုင်းကျန်းမာရေးဝန်ထမ်း အိမ်ယာဝင်းအတွင်းတွင် ယနေ့မွန်းလွှဲ၁နာရီ အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းသည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁နာရီ ၁၀မိနစ် အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။မီးလောင်ကျွမ်းရသည့်အကြောင်းရင်းမှာ ဝန်ထမ်းအိမ်ယာဝင်းအတွင်းရှိ လူမနေသည့်အဆောက်အဦး မျက်နှာစာရှေ့ ကိုင်းတောအတွင်း အမည်မသိ(ကိုယ်ရေးအချက်အလက် စီစစ်ဆဲ)အမျိုးသား ၁ဦးမှ အရက် သေစာ သောက်စားမူးယစ်ပြီး ဆေးလိပ်‌သောက်ရာ ဆေးလိပ်မီးမှတဆင့် ကိုင်းတောအား မီးစတင်လောင်ကျွမ်းပြီး အဆောက်အဦးသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်ကျွမ်းမှုကြောင့် ၄၀×၂၀ ပေ၊ပျဉ်ထောင်၊ပျဉ်ခင်း၊သွပ်မိုး အဆောက်အဦး ၂လုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုးငွေ ကျပ် ၂၄သိန်းခန့် ဆုံးရှုံးခဲ့ကြောင်းနှင့်အမည်မသိ အမျိုးသားမှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

#PAN