မတ် ၃
မွန်ပြည်နယ် ၊မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ခေါင်းဆောင် မွန်လူမျိုးတစ်ဦးကို မွန်ပြည်သစ်(ခွဲထွက်)အဖွဲ့မှဖမ်းဆီးကာ ပြည်သူ့စစ်ကိုင်သည့်လက်နက်များကိုယူဆောင်သွားကြောင်း သိရသည်။
မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိတ်တောင်ရပ်ကွက် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင် ဦးပန်း(မွန်လူမျိုး)အား မတ်လ ၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် KNU၊ PDF ၊ မွန်ပြည်သစ်ပါတီ(ခွဲထွက်) ပူးပေါင်းအင်အား ၁၀ ဦးခန့်မှာ လက်နက်ငယ်များကိုင်ဆောင်ကာ စိန်တောင်ရပ်ကွက်အတွင်းသို့ လမ်းလျှောက်ဝင်ရောက်လာပြီး ဦးပန်းအား နေအိမ်တွင်လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။
ပူးပေါင်းအကြမ်းဖက်အဖွဲ့များသည် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ခေါင်းဆောင် ဦးပန်းအားဖမ်းဆီးပြီးနောက် စိန်တောင်ရပ်ကွက် ပြည်သူစစ်များကိုင်ဆောင်သည့် လက်နက်များဖြစ်သော အင်္ဂလိပ်စတင်းခေါ် ကုလားစတင်း ၁ လက်၊ ရိုင်ဖယ် ၅ လက် တို့ကိုယူဆောင်သွားကြောင်း.သိရသည်။
#PAN
