ကော့သောင်းမြို့ နယ်၊ ပုလောဘာလိုင်ကျေးရွာမူလတန်းလွန်ကျောင်းတွင် ဆရာ/ဆရာမများမရှိ၍ ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိ

ဇွန် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့ နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ ပုလောဘာလိုင်ကျေးရွာမူလတန်းလွန်ကျောင်းတွင် ဆရာ/ဆရာမများမရှိ၍ ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိ
ကြောင်း သိရှိရပါသည်။

       အဆိုပါကျောင်းတွင် ယခင်ပညာသင်နှစ် ၂၀၂၂ – ၂၀၂၃ က ကျောင်းအုပ်ကြီးနှင့်ဆရာမ ၄ ဦးပြောင်းရွေ့သွားရာ အစားထိုးဆရာမများမရရှိသဖြင့် ကျေးရွာခန့်ဆရာမ ၄ ဦးဖြင့်ပညာသင်နှစ်ပြီးဆုံးသည်အထိပညာသင်ကြားပေးခဲ့ရသော် လည်း ယခုပညာသင်နှစ်တွင် အစိုးရခန့် ပညာရေးဝန်ထမ်းများမရရှိသောကြောင့် ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိသဖြင့် ကျေးရွာရှိကျောင်းသား ၈၁ ဦးမှာ ပညာသင်ကြားနိုင်ရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN