ဇန်နဝါရီလ ၁၆
ယနေ့ နံနက် ၁ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၏ အရှေ့ဘက်(၅) ဖာလုံ ခန့်၊ ရေနီမြို့၊ ဇေယျသိမ်ကျေးရွာအုပ်စု၊ ဇေယျသိမ်ကျေးရွာ(အရှေ့ဘက်)ရှိ၊ သုဿာန်အနီး ဇေယျသိမ်ကျေးရွာနှင့် ကျွန်း တိုင်းကျေးရွာကြား၊ မြေသားလမ်းပေါ်တွင် ဒေါ်ဌေးရီ အသက် ၅၈ နှစ်၊ (ဘ)ဦးမောင်မြင့်၊ ဇေယျသိမ်ကျေးရွာ၊ ရေနီမြို့ နေသူသည် လည်ပင်း၌ ဓါးဒါဏ်ရာဖြင့် သေဆုံးနေခဲ့ပြီး သတင်းအရ တာဝန်ရှိသူများမှ သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဥ်အား စစ်ဆေးခဲ့ရာတွင် ဇေယျာသိမ်ကျေးရွာ(အရှေ့ဘက်)၊ သုဿာန်အနီး ဇေယျသိမ်ကျေးရွာနှင့် ကျွန်းတိုင်းကျေးရွာကြား၊ မြေသားလမ်းပေါ်တွင် ဒေါ်ဌေးရီအား လည်ပင်းတွင် ၅ လက္ခန့်ရှိ ပြတ်ရှဒဏ်ရာဖြင့် လဲကျသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး စုံစမ်းစစ်ဆေးရာ ယမန်နေ့ နံနက် ၅ နာရီအချိန်ခန့်က လက်နက်များ ကိုင်ဆောင်ထားသော အကြမ်းဖက်အဖွဲ့ ၆ ဦး (ခေါင်းဆောင်/အမည် စိစစ်ဆဲ)သည် ဆိုင်ကယ် ၃ စီးဖြင့် ကျွန်းတိုင်းကျေးရွာဘက်မှ ဇေယျသိမ်ကျေးရွာရှိ ဒေါ်ဌေးရီ တစ်ဦးတည်းနေထိုင်သော နေအိမ်သို့ရောက်ရှိလာပြီး ဒေါ်ဌေးရီအား “စစ်တပ်နဲ့ရဲကို သတင်းပေး လုပ်နေတာလား မေးစရာရှိတယ် ငါတို့နဲ့ လိုက်ခဲ့ “ဟု ခေါ်ဆောင်ခဲ့သဖြင့် ဒေါ်ဌေးရီမှ ၎င်း၏ ဆိုင်ကယ်ဖြင့်သာ လိုက်မည်ဖြစ်ကြောင်းပြောဆို၍ ၎င်းပိုင်ဆိုင်သော KENBO -110 အနက်ရောင် ဆိုင်ကယ်အား ထုတ်ယူစဉ် လက်နက်ကိုင် အကြမ်းဖက် တစ်ဦးမှ ၎င်းမောင်းနှင်မည် ဖြစ်ကြောင်းပြောဆို၍ ခြိမ်းခြောက်ခဲ့သဖြင့် ဒေါ်ဌေးရီမှ နောက်မှလိုက်ကာ ဇေယျသိမ်ကျေးရွာအရှေ့ဘက် ကျွန်းတိုင်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း အနီးပက်ဝန်းကျင်ရှိမျက်မြင်တွေ့ရှိသးတစ်ဦးမှအတည်ပြုပြောဆိုခဲ့သည်။ ထိုကဲ့သို့အကြမ်းဖက်သမားများမှ အုပ်စုဖွဲ့ လက်နက်ပြ ခြိမ်းခြောက်၍ ခေါ်ဆောင်သွားပြီးနောက်တွင် ယခုကဲ့သို့ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။ သေဆုံးသူသည် သာမန် လယ်ယာလုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီအား အားပေးဝန်းရံထောက်ခံသူ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဥ်အား ရေနီမြို့မရဲစခန်းမှ (ပ) ၅/၂၀၂၄၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေး ဆောင်ရွက်နေတယ်လိူ့သိရပါတယ် ။
#PAN