ဇွန် ၉
ယမန်နေ့ ည ၇ နာရီအချိန်ခန့်တွင်နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာနေ ဦးကျော်မျိုးအောင်၊ ၅၃နှစ်၊ (ဘ) ဦးတင်အောင်သည် အိမ်နီးချင်းဖြစ်သူ ဒေါ်မိုးသူဇာ၊ ၅၀နှစ်၊ (ဘ)ဦးမြင့်ဝေ စိုက်ထားသော သစ်ပင်မှ အမှိုက်များ မိမိဝိုင်းအတွင်းကျသည်ဟု ပြောဆိုရာမှ စကားများရန်ဖြစ်ကြပြီး ဦးကျော်မျိုးအောင်က ဒေါ်မိုးသူဇာကို ဓားဖြင့် လိုက်ခုတ်ခဲ့ကြောင်း သိရပါသည်။
ဖြစ်စဥ်မှာ မအူတောကျေးရွာတွင် ဦးကျော်မျိုးအောင်နဲ့အိမ်နီးချင်းဖြစ်သူ ဒေါ်မိုးသူဇာတို့သည် ခြံအတွင်းသစ်ပင်မှ အမှိုက်ကျသည့်ကိစ္စနှင့် စကားများရန်ဖြစ်ကြရာ ဦးကျော်မျိုးအောင်မှ ဒေါ်မိုးသူဇာ၏ ဦးခေါင်းအလည်အား ဓားဖြစ်ထွက်ခုတ်သဖြင့် ရရှိသေါဓားဒဏ်ရာဖြင့် အိမ်ထဲအထိဝင်ပြေးသော်လည်း ဦးကျော်မျိုးအောင် သည် အိမ်ထဲထိ ဝင်ခုတ်မှု့ကြောင့် ဦးခေါင်းနှင့် ခြေထောက်တွင် ဓားဒဏ်ရားများရရှိခဲ့သည်။
ထို့ပြင် မမိုးသူဇာ၏ မြေးဖြစ်သူ မငြိမ်းဦးမေ၊၁၁နှစ်၊ (ဘ)ဦးမောင်နိုင်မှ အဖွားဖြစ်သူအားဓားဖြစ်ခုတ်နေ၍ သွားကြည်ရာ ဦးကျော်မျိုးအောင်မှ ဓားဖြင့်လိုက်ခုတ်သဖြင့် အိမ်ထဲအထိထွက်ပြေးသော်လည်း အိမ်ထဲအထိလိုက်လံခုတ်သဖြင့် ညာဘက်လက်ပြက်ရှ ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ဓါးဒဏ်ရာရရှိသူများကို မအူတောကျေးရွာ၊လောကပါလပရဟိတ လူမှုကူညီရေးအသင်းပိုင်ကားဖြင့် ပုဗ္ဗသီရိမြို့နယ်၊ကုတင် ၃၀၀ ဆေးရုံသို့ ပို့ဆောင်ကုသလျှက်ရှိကြောင်း၊ ဖြစ်စဥ်နှင့် ပတ်သက်၍ ဓါးဖြင့်လိုက်ခုတ်သည့် ဦးကျော်မျိုးအောင် မှာ ရေးဆင်းနယ်မြေရဲစခန်းတွင်
လာရောက်အဖမ်းခံပြီး အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
#PAN