(ပြည်တွင်း) အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တောင်လျှောင်းကျေးရွာအုပ်စု၊ အောင်ခိုင်ကျေးရွာတွင် အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီခန့်က နေအိမ်အတွင်းရှိ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။
ဖြစ်စဉ်မှာ အောင်ခိုင်ကျေးရွာနေ ဦးမြင့်စိုး၊ အသက် ၅၆ နှစ်သည် မိမိနေအိမ်အတွင်း ရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦး ရောက်ရှိလာခဲ့ပြီး အသင့်ပါလာသည့် သေနတ်တိုဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဦးမြင့်စိုး၏ ဦးခေါင်းတွင် နှစ်ချက်နှင့် ဝမ်းဗိုက်တွင် လေးချက် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုကျူးလွန်သူများသည် ပစ်ခတ်ပြီးနောက် ဆိုင်ကယ်များဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN