လူသားချင်းစာနာထောက်ထားသည့် အကူအညီသင်္ဘော ဆိုက်ကပ်ခွင့်ပြုရန် ဆိုက်ပရပ်စ်မှ အစ္စရေး၏ ခွင့်ပြုချက် စောင့်ဆိုင်းလျှက်ရှိ

ဒီဇင်ဘာ ၂၃

    ဆိုက်ပရပ်စ်မှ ဂါဇာသို့ လူသားချင်းစာနာထောက် ထားသည့် အကူအညီများ ပထမဦးဆုံး ပေးပို့မည့်ဗြိတိန်သင်္ဘော RFA ‘Lyme Bay’ ၏ ဆိပ်ကမ်းဆိုက်ကပ် ခွင့်ကို အစ္စရေးအစိုးရက ခွင့်မပြုသေးကြောင်း ဆိုက်ပရပ်စ်သမ္မတ Nikos Christodoulides က ဒီဇင်ဘာ ၂၁ ရက် ကြာသ ပတေးနေ့က ပြောကြားခဲသည်။

      ၎င်းသင်္ဘောသည် လူသားချင်းစာနာထောက် ထားသည့် ပင်လယ်ရေကြောင်း စင်္ကြံ၏ပဏာမအစ အစိုး ရ၏ရှေ့ပြေးဆောင်ရွက်မှု အနေဖြင့် လွန်ခဲ့သည့် ရက် သတ္တပတ် အကုန်က Lanaca မြို့က ထွက်ခွာသွားခဲ့ကြောင်း၊ ဗြိတိန်၏ ပူး ပေါင်းဆောင်ရွက်မှုကို ကျေးဇူး တင်ကာ မိမိတို့သည် ဗြိတိန်နှင့် အဆက်မပြတ်ဆက်သွယ်မှုရှိသလို ဥရောပသမဂ္ဂ နှင့်လည်း ဆက်သွယ်မှုရှိပြီး အစ္စရေးဖက်မှ ပြန်ကြားခြင်းကို စောင့်ဆိုင်းလျှက်ရှိနေကြောင်း၊ သို့သော် သင်္ဘော၏ နေရာအတိ အကျအပေါ် ဇဝေဇဝါဖြစ်နေကြောင်း၊ ပင်လယ်ရေကြောင်း လမ်းပြစနစ်(Marine Traffic) အရ သင်္ဘော၏ လှုပ် ရှားသွားလာမှု အချိန်မှန်သတင်းနှင့် ဆိပ်ခံနှင့် ဆိပ် ကမ်းတွင် သင်္ဘော၏ လက်ရှိနေရာကို ထောက်ပံ့ပေးသည့် ပင်လယ်ရေကြောင်းဆိုင်ရာ ဝဘ်ဆိုဒ်တွင် RFA ‘Lyme Bay’ သည် ဘာရိန်းနိုင်ငံ ကမ်းရိုးတန်း အပြင်ဖက်နေရာသို့ ရောက်ရှိနေသည်ဟု ယူဆရကြောင်း သိရှိရသည်။

      RFA ‘Lyme Bay’ သည် ဆိုက်ပရပ်စ်၌ အထောက်အပံ့များ အပြည့်တင်ဆောင်ပြီးဖြစ်၍ ထောက်ပံ့မှုပစ္စည်းများ လက်ခံရန်နှင့် ပေးပို့ရန် သေချာပြီဆိုပါက ဆက်လက်ထွက်ခွာရန် အဆင် သင့်ဖြစ်နေကြောင်း ဗြိတိန် လက်ထောက် နိုင်ငံ ခြားရေးဝန်ကြီး Andrew Mitchell က ဗြိတိန် လွှတ်တော်၌ ဒီ ဇင်ဘာ ၁၉ ရက် အင်္ဂါနေ့က ပြောကြားခဲ့သည်။

     အထက်လွှတ်တော်၌ အပြန် အလှန် ဆွေးနွေးခဲ့ရာ RFA ‘Lyme Bay’မှာ ဆိုက်ပရပ်စ်ကမ်းမှ ထွက်ခွာသွားပြီးဖြစ်၍ ဂါဇာသို့ သွားရောက်ရန် အဆင်သင့် ဖြစ်နေပြီး ဆိပ်ကမ်းကပ်ရန် ပဋိပက္ခဖြစ်ပွားနေသည့် နှစ်ဖက်စလုံး၏သဘောတူညီမှု လိုအပ်ကြောင်း အခြားလက် ထောက်နိုင်ငံ ခြားရေးဝန်ကြီး Richard Benyon မှ ပြောကြားခဲ့ပြီး မိမိသည် ၎င်းထက် ပိုမိုပြော ကြားနိုင်ခြင်း မရှိဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

     ရေတပ်သတင်းထောက်က တွဒ်တာတွင် ရေးသားရာ၌ ဗြိတိန် ဖျက်သင်္ဘော HMS Duncan သည် RFA ‘Lyme Bay သင်္ဘောကို ဂါဇာကမ်းရိုး တန်းတွင် စောင့် ကြပ်လိုက်ပါမည်ဖြစ်ပြီး စပိန်သို့ ဒီဇင်ဘာ ၂၄ ရက် တနင်္လာနေ့တွင် ရောက်ရှိမည်ဟု Cyprus Mail သတင်းအရ သိရှိရပါသည်။

#PAN