အစ္စရေးက ဟစ်ဇ်ဘိုလာများကို နယ်စပ်မှ တွန်းပို့လိုကြောင်း အမေရိကန်ကို ပြော

ဒီဇင်ဘာ ၁၉

            လက်ဘနွန်နှင့် တင်းမာမှုများအဆုံးသတ်ရန် သံတမန်သဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေဖြင့် ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်များကို နယ်စပ်မှ ၆ မိုင်အကွာတွင် တွန်းပို့စေလိုကြောင်း Biden အုပ်ချုပ်ရေးအဖွဲ့အား အစ္စရေးနှင့် အစ္စရေးအရာရှိ သုံးဦးက Axios သို့ ပြောကြားခဲ့သည်ဟု သိရပါသည်။

      နယ်ခြားတိုက်ပွဲများ ပြင်းထန်လာခြင်းသည် ဂါဇာကမ်းမြောင် ပဋိပက္ခထက်ပင် ပိုမိုဆိုးရွားလာမည့် စစ်ပွဲတစ်ခုလုံးကို ဖြစ်ပေါ်စေနိုင်သည်ဟူသော  Biden အစိုးရက အလွန်စိုးရိမ်ပူပန်နေပါသည်။

      ဂါဇာတွင် စစ်ပွဲစတင်ပြီးနောက် မကြာမီတွင် ဟစ်ဇ်ဘိုလာသည် နယ်စပ်တလျှောက်ရှိ အစ္စရေးစစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး အစ္စရေးမြောက်ပိုင်းဒေသများသို့ ဒုံးကျည်များနှင့် ဒရုန်းများကို ပစ်လွှတ်ခဲ့သည်။

      အောက်တိုဘာ ၇ ရက်က ပြုလုပ်ခဲ့သည့် ဟားမတ်စ်အဖွဲ့ကဲ့သို့ ဟစ်ဇ်ဘိုလာ၏ ထိပ်တန်း Radwan တပ်ဖွဲ့များ၏ တိုက်ခိုက်မှုဖြစ်နိုင်ချေအတွက် ကြိုတင်ကာကွယ်မှုအနေဖြင့် အစ္စရေးက ၎င်း နယ်စပ်အနီးရှိ ရွာများနှင့် မြို့များမှ အရပ်သား ထောင်ပေါင်းများစွာကို အစ္စရေးမှ ရွှေ့ပြောင်းပေးခဲ့သည်။

       အစ္စရေးနိုင်ငံသားများကို နေရပ်ပြန်ခွင့်ပြုရန်အတွက် သံတမန်နည်းလမ်းအရ ဖြေရှင်းချက် သို့မဟုတ် စစ်ရေးအရ အရေးယူမှုမှ တဆင့် ပြောင်းလဲရန် လိုအပ်သည်ဟု အစ္စရေးအစိုးရက လူသိရှင်ကြား ပြောကြားခဲ့သည်။

      သမ္မတ Biden ၏ အကြီးတန်းအကြံပေး Amos Hochstein နှင့် အခြားသော အမေရိကန် အရာရှိများ သည် ထိုကဲ့သို့ သံတမန်နည်းလမ်းအရ ဖြေရှင်းရန် ကြိုးစားနေကြသော်လည်း ယခုအချိန်အထိ တိုးတက် မှု အနည်းငယ်သာ ရှိသေးသည်။

     နယ်ခြားတစ်ဖက်က လုံခြုံရေးအခြေအနေကြောင့် သောင်းနှင့်ချီသည့် နိုင်ငံသားများ လနှင့်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ကို အစ္စရေးဘက်က လက်မခံနိုင်ဘူးဟု နေတန်ယာဟုနှင့် ၎င်း၏ ကာကွယ်ရေးဝန်ကြီး ဂါလန်တို့က အမရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်ကို ပြောခဲ့သည်ဟု အစ္စရေးအရာရှိတွေက ပြောပါသည်။

      နေတန်ယာဟုနှင့် ဂလက်လန်တို့က အစ္စရေးသည် ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်များအား နယ်စပ်တစ်လျှောက် အစ္စရေးကျေးရွာများနှင့် မြို့များကို ပစ်ခတ်နိုင်ခြင်း သို့မဟုတ် အောက်တိုဘာ ၇ ရက်က ပြုလုပ်ခဲ့သော ဟားမတ်စ်များကဲ့သို့ စီး နင်းတိုက်ခိုက်ခြင်းမပြုနိုင်လောက်အောင် ဝေး ကွာသွားစေသည့် သဘောတူညီချက်တစ်ရပ်ကို လိုချင်ကြောင်း အစ္စရေး၊  အမေရိကန် တာဝန်ရှိသူများက ပြောသည်။

     အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့က အော်စတင်အား ဤသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဟစ်ဇ်ဘိုလာတို့အား ပြီးခဲ့သောနှစ်လအတွင်း အစ္စရေးက ဖျက်ဆီးခဲ့သည့် နယ်စပ်တစ် လျှောက် ၎င်း၏နေရာများသို့ ပြန်သွားခွင့်မပြုစေလိုကြောင်း ပြောခဲ့သည်ဟု အရာရှိများက ဆိုပါသည်။

       Biden အစိုးရအဖွဲ့သည် အစ္စရေး၏စိုးရိမ်မှုများကို နားလည်ပြီး ငြိမ်းချမ်းသောအဖြေတစ်ခုရရှိရန် တွန်း အားပေးမည်ဖြစ်ကြောင်း၊ သို့သော် သံတမန်ရေးရာအတွက် အချိန်နှင့်နေရာပေးကာ တင်းမာမှုများကို ပိုမိုဆိုးရွားစေမည့် ခြေလှမ်းများကို အစ္စရေးက မလုပ် ဆောင်ရန်  Austin မှ နေတန်ယာဟုနှင့် Gallant အား တောင်းဆိုခဲ့သည်ဟု အမေရိကန်နှင့် အစ္စရေး အရာရှိများက ပြောကြားခဲ့သည်။

     အစ္စရေးသည် သံခင်းတမန်ခင်းကို အခွင့် အရေးပေးလိုကြောင်း သို့သော်လည်း လာမည့်သီတင်းပတ်အနည်းငယ်အတွင်း တိုးတက်မှုကို မြင်တွေ့လိုကြောင်း နေတန်ယာဟုနှင့် ဂလက်လန်တို့က ပြောကြားခဲ့သည်ဟု အစ္စရေးအရာရှိများကဆိုသည်။

       ဂါဇာတွင် အရပ်သားသေဆုံးမှုနှုန်းသည် ၂၁ ရာစုအတွင်း အခြားပဋိပက္ခဇုန်များထက် ကျော်လွန်နေ သည်။  အနီးနားရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ လျင်မြန်စွာ ယိုယွင်းလာမှုကြောင့် အသေအပျောက်များ တိုးလာခြင်းဖြစ်သည်။

      စစ်ဆင်ရေးစတင်ချိန်နှင့် နှိုင်းယှဉ်ပါက မကြာသေးမီ ရက်သတ္တပတ်များအတွင်း ပါလက်စတိုင်း အရပ်သားများ သေဆုံးမှု နည်းပါးခဲ့ကြောင်း အစ္စရေးနှင့် အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု Axios သတင်းဌာနက ဖော်ပြထားသည်။

#PAN