တရားမဝင် ကျွန်းသစ်၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၁၉

     တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန် သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆) မိုင်ကျောက်ချော စစ် ဆေးရေးစခန်း၌ ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော် တော်ယာဉ်တစ်စီးပေါ်မှ စက်သုံးဆီ သယ် ဆောင်ခွင့်မျှောစာတင်ပြနိုင်ခြင်း မရှိသည့် စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် (၆၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)နှင့် အဆိုပါ စက်သုံးဆီများ သယ် ဆောင်လာသည့် Isuzu Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မန္တလေးမြို့အဝင်၊ မြစ်ငယ် တံတားအနီး၌ မော်တော် ယာဉ်တစ်စီးပေါ်မှ စက်သုံးဆီသယ်ဆောင်ခွင့်မျှောစာ တင်ပြနိုင်ခြင်း မရှိသည့် စက်သုံးဆီ ဒီဇယ်ဆီ (ချက်ဆီ) (၆၀၀၀) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃,၀၀၀,၀၀၀)နှင့် အဆိုပါ စက်သုံးဆီများ တင်‌ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့်နောက် တွဲယာဉ် သုံးတွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဖရဲကျွန်းကျေးရွာ၊ မိုင်တိုင်အမှတ်(၃၅၈/၄)၌ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်း မရှိသည့် စက်သုံးဆီ ဒီဇယ်ဆီ (၉၆၉) ဂါလန် အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉,၈၇၀,၀၀၀) ကိုလည်း ကောင်း၊ စုစုပေါင်း (ခန့် မှန်းတန်ဖိုးငွေကျပ် ၂၂၃,၈၇၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အပြင် ဒီဇင်ဘာ ၁၆ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူး ပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်)၌ ဝန်စည်များအတွင်းမှ တရားဝင် စာ ရွက်စာတမ်း အထောက် အထားတင်ပြနိုင်ခြင်း မရှိသည့် UNICO POE Switch (၁၀)ခု၊ Holy Stone Drone (Used) တစ်ခု အပါအဝင် ကုန် ပစ္စည်းနှစ်မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီးအကောက်ခွန်လုပ် ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

      ထို့အပြင် ဒီဇင်ဘာ ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူ ခရိုင်၌ တရားမဝင် ကျွန်းသစ် (၃ ဒသမ ၀၂၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉၈,၅၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ် တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

       သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှု တွဲ(၈)မှု၊(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၆,၈၆၈,၅၈၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN