ဦးပိန်တံတားကို လာရောက်လည်ပတ်တဲ့ နိုင်ငံ ခြားသားခရီးသွား သုံးဆခန့်တိုးလာ

ဒီဇင်ဘာ ၁၈

     မန္တလေးမြို့ရှိ တောင်သမန်အင်းနှင့် တောင်သမန်တံတား ခေါ် ဦးပိန်တံတားကို လာရောက်လည် ပတ်သော နိုင်ငံခြားသား ခရီးသွားအရေအတွက် သုံးဆ ခန့်တိုးလာသည်ဟု တောင်သမန်တံတား ပြု ပြင်ထိန်းသိမ်းရေးအဖွဲ့မှ သိရပါသည်။

       ဦးပိန်တံတားကို ဒီဇင်ဘာလအစက ဗီယက်နမ်၊ ထိုင်း၊ ကိုရီးယား၊ တရုတ်စသည့် နိုင်ငံများမှ ခရီးသွားများ ဝင်ရောက်လည်ပတ်မှုက တစ်ရက်ကို လူဦးရေ ၇၀ ကျော်သာရှိခဲ့ပြီး ဒီဇင်ဘာလ ဒုတိယပတ်မှစတင်ပြီး ပြည်ပခရီးသွားဦးရေ ၂၅၀ ကျော်အထိ လာရောက်လည်ပတ်မှုများ ရှိသည်ဟု သိရပါသည်။

      တောင်သမန်အင်းနှင့် ဦးပိန်တံတားမှာ မြန်မာနိုင်ငံ ၏ အထင်ကရ နေရာတစ်ခုဖြစ်သလို ပြည်ပခရီးသွားများ အများဆုံးလာရောက်လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခု ဖြစ်ပါသည်။ အဆိုပါ နေရာများကို ပြည်ပခရီးသွားများက နေဝင်ဆည်းဆာအလှကို လာရောက်ကြည့်ရှုကြခြင်း ဖြစ်ပါသည်။

      တောင်သမန်အင်းအတွင်း ပြည်တွင်းပြည်ပခရီး သွားများ နေဝင်ဆည်းဆာအလှကို ငှက်လှေနှင့် ကြည့်ရှုနိုင်ရန် ငှက်လှေအစီးရေ ၅၀ ကျော် ပြေးဆွဲပေးနေ သည်ဟုလည်း သိရပါသည်။

#PAN