ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ကို တပ်မတော်က လေကြောင်းဖြင့် နေ့စဉ် ဗုံးကြဲ တိုက်ခိုက်လျက်ရှိပြီး ဓါတုလက်နက်ဗုံးများ အသုံးပြုနေ သည်ဟု မဟုတ်မမှန် ကောလာဟလ သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ဓာတုလက်နက်များကို မည်သည့်တိုက် ပွဲများတွင်မှ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်းနှင့် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများ သည် ၎င်းတို့အဖွဲ့ အကျအဆုံး များပြားလာပါက ထိုကဲ့သို့ မဟုတ်မမှန်သတင်းများကို အကြမ်းဖက် အား ပေးမီဒီယာများမှတစ် ဆင့် ဝါဒဖြန့် ထုတ်လွှင့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
တပ်မတော်နေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးအတွက် အကြမ်းဖက်မှု ချေ မှုန်းရေး စစ်ဆင်ရေးများကို ပြည်သူလူထုနှင့် ပူးပေါင်း ၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#PAN