(မှုခင်း)အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကမာနတ်ကျေးရွာတွင် အရက်မူး၍ စကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၁ ရက် ည ၁၁ နာရီခန့်က ပဲခူးမြို့ ကမာနတ်ကျေးရွာတွင် ခင်ပွန်းဖြစ်သူ စိုးကျော်ကျော်အား တစ်ရွာတည်းနေ နိုင်လင်း (ခ) ဓားမနှင့် အရက်မူးစကားများရာမှ နိုင်လင်း (ခ) ဓားမက ဓားဖြင့်ခုတ်ခဲ့ကြောင်း ရွှေစင်္ကြာပိုင်းနေ မရွှေဇင်မော်၏ နေအိမ်သို့ မတ်တော်စပ်သူ အောင်ခန့်ကျော်က လာရောက်ပြောပြသဖြင့် သွားရောက်ကြည့်ရှုရာ စိုးကျော်ကျော်တွင် ဦးခေါင်းနှင့် နားတို့၌ ပြတ်ရှဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိရပြီး နိုင်လင်း (ခ) ဓားမမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဓားဒဏ်ရာရရှိသူ စိုးကျော်ကျော်အား ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသခဲ့သော်လည်း အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ရရှိဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့သဖြင့် ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ သို့ ပြောင်းလဲဖွင့်လှစ်ခဲ့ကာ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ နိုင်လင်း (ခ) ဓားမ အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN