ငါန်းဇွန်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ လင်မယားနှစ်ဦးကို အကြမ်းဖက် PDF များက ပစ်ခတ်သတ်ဖြတ်ပြီး ဆိုင်ကယ်တစ်စီး၊ ဖုန်း ၂ လုံး၊ ငွေကျပ်သိန်း ၄၀ ခန့်အား ယူဆောင်သွား

ဒီဇင်ဘာ ၁၃

     မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ငါန်းဇွန်-ငါန်းမြာသွားကားလမ်း၊ကုလကျေးရွာနှင့်မြောက်ရွာဘိုကျေးရွာကြား ကားလမ်းဘေးတွင် ယမန်နေ့ ညနေပိုင်းက သာမန်ပြည်သူ လင်မယားနှစ်ဦးကို အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်၊ တယ် လီဖုန်းနှင့် ငွေသားများကို ယူဆောင်ထွက်ပြေးသွားကြကြောင်း သိရသည်။

       ငါန်းဇွန်မြို့နယ်၊သားကျင်ကျေးရွာအုပ်စု၊ သဂျမ်းကုန်းကျေးရွာနေ ဝါအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သည့် ဦအောင်မြတ်ချို၊ ၃၈နှစ်၊(ဘ)ဦးဖိုးချိုနှင့် ဇနီး ဒေါ်ကေသွယ်မိုး၊ ၄၄နှစ်၊(ဘ)ဦးသိန်းလွင်တို့သည် ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ရွာ၏ အရှေ့ တောင်ဘက်ရှိ ယာတောမှအပြန်  အကြမ်းဖက် PDF ၃ ဦးက ကားလမ်းပေါ်မှစောင့်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခင်း ဖြစ်နေရာအရောက်တွင် ဦးအောင်မြတ်ချိုအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေ ဆုံးသွားခဲ့ပြီး ဒေါ်ကေသွယ်မိုးအား ဓါးဖြင့်ထိုး/ခုတ်ခဲ့ရာ ဒေါ်ကေသွယ်မိုးတွင် ဝဲ/ယာ ရင်ဘတ်နှင့် နောက်ကျောတို့တွင် ဓားဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သည်။

    အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့စဥ် ဒေါ်ကေသွယ်မိုး မှာ ဓားဒဏ်ရာများဖြင့် အသက်ရှင်လျက်တွေ့ရှိရသဖြင့် ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံမှတဆင့် မန္တလေးမြို့၊ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ဆေးကုသပေးလျှက်ရှိကြောင်း သိရပါသည်။

     ဦးအောင်မြတ်ချိုနှင့် ဒေါ်ကေသွယ်မိုးတို့မှာ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများဖြစ်ကြပြီး အကြမ်း ဖက်သမား PDF များက ၎င်းတို့ပိုင်ဆိုင်သည့် ဆိုင်ကယ်တစ်စီး၊ ဖုန်း ၂ လုံး၊ ငွေကျပ်သိန်း ၄၀ ခန့်အား ယူ ဆောင်သွားကြောင်းနှင့် ဖြစ်စဉ်မှာ အကြမ်းဖက် PDF များသည် ဒလန်အ​ကြောင်းပြချက်ဖြင့် လူသတ်၊ ဓားမြတိုက်ခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

#PAN