(မှုခင်း)အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် အိုက်စ် (မက်သ်အဖက်တမင်း) မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၂ ရက်၊ ညနေ ၅ နာရီခန့်က အေးသာယာမြို့၊ အေးသာယာ-စက်မှုဇုန်-ညောင်ရွှေသွား ကားလမ်းပေါ်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် အေးသာယာဘက်မှ စက်မှုဇုန်ဘက်သို့ ယာဉ်မောင်း သိန်းသန်းဌေး (ခ) ကိုသိန်း မောင်းနှင်လာသည့် JIN BEI အမျိုးအစား ခဲရောင်ယာဉ်အား ပိတ်ဆို့ စစ်ဆေးခဲ့ရာ ယာဉ်၏ နောက်ခန်း၌ တင်ဆောင်လာသည့် ပီနံအိတ်များအတွင်းမှ မက်သ်အဖက် တမင်း (အိုက်စ်) ဟု ယူဆရာသော အဖြူရောင်အတုံး/အခဲအမှုန့် တစ်ကီလိုဂရမ်ခန့်စီပါ ၇၉၆ ထုပ်၊ အလေးချိန် ၇၉၆ ဂရမ်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ရွှေညောင်မြို့၊ တောင်လေးလုံးကျေးရွာအုပ်စု၊ ရေနွေးကျေး ရွာနေ အောင်နိုင်ဝင်း (ခ) ဖက်တီး၏ နေအိမ်အိပ်ခန်းဗီဒိုအတွင်း ၉ မမကျည်ဖြင့် ပစ်ခတ်ရန် ပြုလုပ်ထား သည့် တစ်တောင့်ထိုး လက်လုပ်သေနတ် ၁ လက်၊ ၉ မမ ကျည် ၂ တောင့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဖမ်းဆီးရမိသူ သိန်းသန်းဌေး (ခ) ကိုသိန်းနှင့် အောင်နိုင်ဝင်း (ခ) ဖက်တီး တို့၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါးများအား သယ်ဆောင်ခိုင်းသူ သီပွန် (ခ) ထွန်းစိန် (ခ) လူဝကြီး အား ထပ်မံဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူ သိန်းသန်းဌေး (ခ) ကိုသိန်း၊ အောင်နိုင်ဝင်း (ခ) ဖက်တီးနှင့် သီပွန် (ခ) ထွန်းစိန် (ခ) လူဝကြီးတို့ ၃ ဦးအား အေးသာယာ နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က)/ ၂၁/ ၂၂(ခ) ဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များအား ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN