ချန်ပီယံလိဂ် အုပ်စုက ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ လီဗာပူးလ်နဲ့ရင်ဆိုင်ရမယ့် မန်ယူ

ဒီဇင်ဘာ ၁၃

ယနေ့နနံက်အစောပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ မန်ယူအသင်းဟာ ဘိုင်ယန်မြူးနစ်ကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီလည်းဖြစ်ပါတယ်။

မန်ယူဟာ ဒီရာသီ ပြိုင်ပွဲစုံပွဲပေါင်း ၂၄ ပွဲအထိ ကစားထားခဲ့ပြီး ၁၂ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ ယခုရာသီ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၆)ပွဲ ကစားပြီးချိန်တွင် ပေးဂိုး (၁၅)ဂိုးအထိခွင့်ပြုခဲ့ရပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အင်္ဂလန်ကလပ်အသင်းများထဲတွင် တစ်ရာသီအတွင်း ပေးဂိုးအများဆုံးခွင့်ပြုခဲ့ရခြင်းအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

မန်ယူအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အဖြစ် လီဗာပူးလ်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။