မြိတ်ခရိုင် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌအိမ်ရှေ့တွင် မိုင်းပေါက်ကွဲမှုဖြစ်

ဒီဇင်ဘာ ၁၂
တနင်္သါရီတိုင်းဒေသကြီး မြိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၏ နေအိမ်ရှေ့တွင် လက်လုပ်မိုင်းပေါက်ကွဲမှု ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီခွဲအချိန်ကဖြစ်ပွားခဲ့ကာ ခြံအပြင်မှ လျှပ်စစ်မီးတိုင်၊ ခြံအဝင် တံခါးမုတ်တိုင်၊ မော်တော်ယာဥ်အနောက်ဘက်ပိုင်းအနည်းငယ် ပျက်စီးသွားပြီး မည်သူတစ်ဦးတစ်ယောက်မျှထိခိုက်ဒဏ်ရာရရှိခြင်းမ​ရှိကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုသည် အသံကျယ်လောင်ကြောင်း မိုင်ဝက်ခန့်ဝေးသည့်နေရာအထိ တုန်လှုပ်မှုရှိခဲ့ကြောင်း ဒေသခံတစ်ဦးက PAN ကိုဆက်သွယ်ပြောကြားလာသည်။

မြိတ်မြို့နယ်၊ ကလွင်ကျေးရွာ၊ တက္ကသိုလ်ရပ်၊ မြရိပ်ညို(၁၁)လမ်းတွင်ရှိသည့် မြိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ၏ နေအိမ်ရှေ့ ပေါက်ကွဲမှုဖြစ်ပေါ်ရာနေရာသို့ လုံခြုံရေးအဖွဲ့များသွားရောက်စစ်ဆေးခဲ့ကြပြီး ဖောက်ခွဲရေးလုပ်ဆောင်သူကို ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။

#PAN

Telegram link

https://t.me/positiveanglenews