MNA လေကြောင်းလိုင်းဖြင့် မန္တလေးမှ အခြားမြို့များသို့ လိုက်ပါစီးနင်းသူ တစ်ရက်လျှင် ၆၀၀ ကျော်ရှိ

ဒီဇင်ဘာ ၁၂

      မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ဖြင့် မန္တလေးမြို့မှ ဗန်းမော်၊ ကျိုင်းတုံနှင့် အခြားမြို့များသို့ ဒီဇင်ဘာလ ၈ ရက်မှစ၍ ခရီးသည်လိုက်ပါစီးနင်းမှု တစ်ရက်လျှင် ဦးရေ ၆၀၀ ကျော်အထိရှိကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း(မန္တလေး) မန် နေဂျာ၏ ပြောပြချက်အရ သိရပါသည်။

       ယခင်က MNA လေကြောင်းလိုင်းဖြင့် မန္တလေးမှ ဗန်းမော်၊ မြစ်ကြီးနား၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကလေး စသည့် မြို့ကြီးများသို့ ခရီးသည်တင် ဆောင် ပြေးဆွဲရာတွင် လိုက်ပါစီးနင်းသည့် ခရီး သည်ဦးရေ နည်းပါးခဲ့သော်လည်း ဒီဇင်ဘာလ ၈ ရက်မှစ၍ လိုက်ပါစီးနင်းသည့် ခရီးသည်ဦးရေ များပြားလျက်ရှိကြောင်း သိရပါသည်။

       MNA လေကြောင်းလိုင်းဖြင့် ဗန်းမော်၊ မြစ်ကြီးနား၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကလေး စသည့် မြို့ကြီးများသို့ နိုဝင်ဘာလနောက်ဆုံးအပတ်က လိုက်ပါစီး နင်းသည့် ခရီးသည်ဦးရေမှာ တစ်ရက်လျှင်ဦးရေ ၅၀၀ ကျော်သာ ရှိခဲ့သော်လည်း ဒီဇင်ဘာလ ၈ ရက်မှစ၍ MNA လေကြောင်းလိုင်းဖြင့် လိုက်ပါစီးနင်းသည့် ခရီးသည်ဦးရေမှာ တစ်ရက်လျှင် ဦးရေ ၆၀၀ ကျော်အထိ ရှိလာကြောင်း သိရပါသည်။

#PAN