လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးအား တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်ဈေးလုံး မီးလောင်ခဲ့သည်ဟု မဟုတ်မမှန် သတင်းအမှားဖြန့်ဝေ

ဒီဇင်ဘာ ၁၁

        ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးအတွင်းသို့ ယနေ့နံနက်ပိုင်းတွင် တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့်  ဈေးတစ်ခုလုံး မီးလောင်ဆုံးရှုံး ခဲ့ရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

      အဆိုပါသတင်းနှင့်ပတ်သက်၍ လွိုင်ကော်မြို့ရှိ တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းမှုနှင့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ ဒီဇင် ဘာ ၁၀ ရက် နံနက် ၁ နာရီ ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများက သီရိမင်္ဂလာဈေးအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ဈေးတစ်ခုလုံး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ တပ်မတော်အနေဖြင့် ပြည်ဘသူလူထုနေထိုင်ရာ နေရာများသို့ မည်သည့်အခါမျှ ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်သောင်း ကျန်းသူများရန်မှ အစဉ်တစိုက် ကာကွယ်ပေးလျက်ရှိသည်။

       အကြမ်းဖက် သောင်းကျန်းသူများသည် ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ် နှင့် လူမှုစီးပွားဘဝကို ပျက်စီးစေရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်း ဖက်သောင်းကျန်းသူများက ရည်ရွယ်ချက်ရှိရှိဖြင့်  လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအား မီး လောင်ပျက်စီးစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ် ကြောင်းနှင့် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ် ရပ်များအား ဖုံးကွယ် ပေးရန်၊ ဒေသခံပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်၊ ပြည်သူနှင့် တပ်မတော်  ပူးပေါင်း၍ အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေး ဆောင် ရွက်နေမှုကို ထိခိုက်စေရန်အတွက် တပ်မတော်မှ  ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် မီး လောင် ပျက်စီးခဲ့သည်ဟု သတင်းမှားများကို ဖန်တီးရေးသားဖြန့်ဝေခြင်းသာ ဖြစ် ကြောင်း သတင်း ရရှိသည်။

#PAN