လှည်းကူးမြို့နယ် စံပြကျေးရွာတွင် ထွက်ပြေး နေသော PDF အကြမ်းဖက်သမားကို သွားရောက်ဖမ်းဆီးရမှ ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ


ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်း​ဒေသ​ကြီး၊ လှည်းကူး မြို့နယ်၊ ဖောင်ကြီးအရှေ့ ကျေးရွာမှ ထွက်ပြေးနေသော PDF အကြမ်းဖက် သမား မျိုးမြင့်ဦးသည် ဒီဇင်ဘာ ၈ရက်နေ့ နံနက် ၁၁နာရီ၄၀မိနစ်အချိန်ခန့်က စံပြ ကျေးရွာ သို့ ပြန်လည် ရောက်ရှိ နေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့ မှ နံနက်၁၁နာရီ၅၀မိနစ်အချိန်ခန့်တွင် သွားရောက် စုံစမ်း ဖော်ထုတ်ရန် သွားရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်စဥ် စံ​​ပြ​ကျေးရွာအနီးအရောက်တွင် PDF အကြမ်းဖက် အဖွဲ့ မှ စောင့်ကြို ပစ်ခတ်ရာလုံခြုံရေးအဖွဲ့မှ ရဲတပ်သားတစ်ဦး နားထင် အထက် ဖောက်ဝင် ဒဏ်ရာ၊ ညာ ဝမ်းဗိုက် ဖောက်ဝင် ဒဏ်ရာ များဖြင့် ကျဆုံး ခဲ့ပြီး အကြမ်းဖက် သမား များမှာ အရှေ့ ဖက်သို့ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

ထို့နောက်လုံခြုံရေးအဖွဲ့မှ ဖြစ်စဥ်နေရာအား အသေးစိတ် ရှင်းလင်းခဲ့ရာ အရှည် ၄ လက်မ အချင်း ၃ လက်မ အရွယ်အစား ရှိ PVC ပိုက် ဖြင့် ပြုလုပ် ထားသော အသက်မဲ့ ရီမု မိုင်း၂ လုံး၊ အသက် သွင်းထား သော ရီမု မိုင်း ၂ လုံး၊ ၉ မမ ကျည် ၆၉ တောင့်၊ အရှည် ၈ လက်မ အချင်း ၁ လက်မ ရှိသော ဒေသန္တရ ရီမု မိုင်း ၁ လုံး၊ အရိုး အသွား ၁ ပေ ခန့်ရှိ ဓားမြောင် ၁ ချောင်း၊ ရီမု ကွန်ထရိုး ၃ ခု၊777 အမျိုး အစား ၉ ဗို့ ဘတ်ထရီ ၁၂ လုံး၊ ဆားကစ် ပြား ၃ ခုနှင့် ကျည်အိမ် ၁ ခု တို့အား ဖော်ထုတ် ရရှိ ခဲ့ကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews