ပြိုင်ပွဲစုံရှုံးပွဲအနည်းဆုံးရာသီအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ အန်ဆယ်လော့တီ

ဒီဇင်ဘာ ၅

      ရီးရဲလ်အသင်းရဲ့ အီတလီလူမျိုး ၀ါရင့်နည်းပြ အန်ဆယ်လော့တီ ဟာ ဒီဇင်ဘာလ ၃ ရက်က ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ် ၁၅ ပွဲစဉ်မှာ ရီးရဲလ်အသင်းက ဂရန်နာဒါအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရလဒ်အကောင်းဆုံးစွမ်းဆောင်ရည်မှတ်တမ်းကို ပိုင် ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

       ရီးရဲလ်အသင်းဟာ လက်ရှိ ၂၀၂၃-၂၄ ရာသီအတွင်း ပြိုင်ပွဲစုံပွဲ ၂၀ မှာ ၁၇ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ခဲ့ကာ အန်ဆယ်လော့တီအတွက် နည်းပြဘဝစံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီ ဟာ ရီးရဲလ်အသင်းကို ပထမဆုံးစတင်ကိုင် တွယ်တဲ့ ရာသီမှာ ပြိုင်ပွဲစုံပွဲ ၂၀ ယှဉ်ပြိုင်ကစားခဲ့ရာ ၁၈ ပွဲနိုင်၊ ၂ ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ခဲ့ပြီး ယခုရာသီမှာတော့ ပွဲ ၂၀ အပြီးမှာ ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ခဲ့တာကြောင့် ယခင် စံချိန်ကောင်းကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

       ရီးရဲလ်အသင်းဟာ ယခုရာသီ လာလီဂါအမှတ် ပေးဇယားအဆင့် (၁)နေရာမှာရပ်တည်နေသလို၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပြီး အန်ဆယ်လော့တီအတွက် နည်းပြဘဝ တစ် လျှောက် ပြိုင်ပွဲစုံ ၂၀ ကစားအပြီးမှာ ရှုံးပွဲအနည်းဆုံးရာသီအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

#PAN