မြန်မာလုပ်သား ၈၀၀ ကျော်ခေါ်ရန် ဂျပန်ကမ်း လှမ်း

ဒီဇင်ဘာ ၅

      ဂျပန်နိုင်ငံက မြန်မာအလုပ်သမား အယောက် ၈၀၀ ကျော်ကို ခေါ်ယူရန် ကမ်းလှမ်းထားသည်ဟု တိုကျို မြို့၊ မြန်မာသံရုံးကနေ သိရပါသည်။ မြန်မာသံရုံးအနေနှင့် နိုဝင်ဘာလ ၁၆ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အတွင်း အလုပ်ကမ်းလှမ်းစာ ၂၈၈ ခုကို စိစစ်ပြီး နိုင်ငံ ခြားရေးဝန်ကြီးဌာနသို့ ပေးပို့ထားသည်ဟု ဆိုပါသည်။

       ၎င်း ကမ်းလှမ်းစာများအရ ဂျပန်ကုမ္ပဏီ ၂၀၀ ကျော်က မြန်မာအလုပ်သမား အမျိုးသား ၃၀၀ ကျော်နှင့် အမျိုးသမီး ၅၀၀ ကျော် ခေါ်ယူမှာဖြစ်သည်။ ၂၀၂၃ ခုနှစ်အတွင်းတွင် ဂျပန်နိုင်ငံက မြန်မာ အလုပ် သမား ခေါ်ယူမှုအနေနှင့် တစ်လလျှင် နှစ်ကြိမ်ခန့် ခေါ်ယူနေခြင်းဖြစ်ပြီး တစ်ကြိမ်လျှင်လုပ်သားဦးရေထောင်ဂဏန်းဝန်းကျင်အထိ ခေါ်ယူနေသည်ဟု မြန်မာသံရုံးမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရပါသည်။

#PAN