မြင်းခြံမြို့နယ်တွင် သာမန်ပြည်သူ လက်မယား နှစ်ဦးကို ဆက်ကြေးမပေး၍ PDF များ နေအိမ်သို့ လာရောက်သတ်ဖြတ်ပြီး ရွှေ၊ ငွေသားနှင့် ဆိုင်ကယ်များယူဆောင်သွား

ဒီဇင်ဘာ ၅

      မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ဇလပ်ကုန်းကျေးရွာ၌ သာမန်ပြည်သူ နှစ်ဦးကို အကြမ်းဖက် PDF များက ယနေ့ နံနက်ပိုင်းက နေအိမ်တွင် လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ပြီး ငွေသားနှင့် ဆိုင်ကယ် နှစ်စီးတို့ကို ယူဆောင်ထွက်ပြေးသွားကြသည်ဟု သိရပါ သည်။

       ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ဇလပ်ကုန်းကျေးရွာနေသူများဖြစ်ကြသော ဦးသန်းဇော်၊၄၇ နှစ်၊(ဘ)ဦးရွှေပြည့်၊တောင်သူ၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ညိုညိုစန်း၊၅၀ နှစ်၊(ဘ)ဦးသန်းဖေ၊တောင်သူနှင့် သမီးဖြစ်သူ မမိယု၊၈နှစ်၊(ဘ)ဦးသန်းဇော်တို့ နေအိမ်တွင် အတူရှိနေစဥ် အမည်မသိ၊အကြမ်းဖက်သမား PDF  ၃ ဦးက ဆိုင်ကယ် ၁စီးဖြင့် ရောက်ရှိလာကာ ဦးသန်းဇော်နှင့် ဒေါ်ညိုညိုစန်းတို့ ၂ ဦးအား နေအိမ်ရှေ့ လမ်းပေါ်သို့ ဆွဲခေါ်ကာ အသင့်ပါလာသော သေ နတ်များဖြင့် ပစ်ခတ်၍ နေအိမ်အတွင်းမှ နံပါတ်မပါ ကန်ဒါ အမျိုးအစား ဆိုင်ကယ် ၁ စီး၊ဟွန်ဒါ အမျိုးအစား ဆိုင်ကယ် ၁ စီး၊ ငွေကျပ် သိန်း ၂၀၀နှင့်ရွှေထည် ၁၅ ကျပ်ငါးခန့်တို့အား ယူဆောင်ကာ ဇလပ်ကုန်းကျေးရွာ၏ အရှေ့ဘက် ရွာရှည်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရှိရပါသည်။

      သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသန်းဇော်တွင် ဝဲ – နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာ – လည် ပင်း ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့်လည်း ကောင်း၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ညိုညိုစန်း တွင် ဝဲ – လည်ပင်း ကျည်ဖောက်ဝင်ဒဏ် ရာ ၁ချက်ဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့သည်။

     ဖြစ်စဥ်နှင့် ပတ်သက်၍ စုံစမ်းကြည့်ရာ သေ ဆုံးသူ ဦးသန်းဇော်နှင့် ဒေါ်ညိုညိုစန်းတို့မှာ သာ မန်ပြည်သူများဖြစ်ပြီး အကြမ်းဖက်အဖွဲ့ဝင်များက ဆက်ကြေးမပေး၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြားလာပါသည်။

#PAN