တရုတ်နှင့် လက်နက်ပြိုင်ဆိုင်မှုတွင် အမေရိကန်တို့ ရှုံးနိမ့်နိုင်

ဒီဇင်ဘာ ၅

      အမေရိကန်စစ်ဘက်အတွက် တစ်နှစ်စာအသုံး စရိတ်များ လုံလောက်မှုမရှိခြင်း၏ ဖြစ်လာနိုင်သော ဂယက်ရိုက်ခတ်မှုများနှင့် ပတ်သက်၍ ပင်တဂွန်တာဝန်ရှိသူများက လွှတ်တော်ကို သတိပေးလိုက်ကြောင်း သိရသည်။ အဆိုပါဂယက်ရိုက်ခတ်မှုတွင် အသံနှုန်းလွန် စစ်လက် နက်ပစ္စည်းများနှင့် မောင်းသူမဲ့လေယာဉ်များ ဖွံ့ဖြိုးတိုးတက်မှုကဲ့သို့ အရေးကြီးသော စစ်လက် နက်ပစ္စည်းစီမံကိန်းများတွင် နှောင့်နှေးကြန့်ကြာမှုများလည်းပါဝင်ကြောင်းနှင့် ထိုကဲ့သို့နှောင့်နှေးကြန့်ကြာမှုတွင် အမေရိကန်တို့ ရှုံးနိမ့်နိုင်ကြောင်း ထိပ်တန်းတာဝန်ရှိသူများက သတိပေးစကား ပြောကြားထားခြင်း ဖြစ်သည်။

   ဘ အထူးသဖြင့် အမေရိကန်လေတပ်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စွမ်းရည်များကို ယှဉ်ပြိုင်နိုင်ရေးအတွက် စုပေါင်းတိုက်ပွဲဝင် လေ ယာဉ်နှင့် အခြားစစ်လက်နက် ပစ္စည်းစနစ်များကို တိုးတက်ထုတ်လုပ်မှုအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း လေတပ်အတွင်းဝန် ဖရန့်ကန်ဒဲ က ပြောသည်။

      လေတပ်အတွင်းဝန်က ထိုစိတ်ကူးကို စတင်တွေး တောမိသည့် အချိန်မှ ယခုအချိန်အထိဆိုလျှင် နှစ်နှစ်ဆိုသည့် အချိန်ကို ဖြုန်းတီးခဲ့ပြီးဖြစ်ရာ အကယ်၍ ၂၀၂၄ ခုနှစ်အတွက် ဘတ်ဂျက် အလုံအလောက်မရပါက နောက်ထပ် တစ်နှစ်အချိန်အလဟဿ ဖြုန်းတီးမိတော့မည် ဖြစ် ကြောင်း ပြောသည်။

       တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် စစ်လက် နက်ပစ္စည်း စမ်းသပ်မှုများအတွက် ငွေကြေးအမြောက်အများကို ပုံအောသုံးနေအချိန်တွင် အမေရိကန်ဘက်က ငွေကြေးလျှော့ချမှုများရှိနေကြောင်း သုတေသနနှင့် အင်ဂျင် နီယာဆိုင်ရာဌာနမှ ဒုတိယကာကွယ်ရေးဝန်ကြီး ဟေဒီယူး က ပြောသည်။

        လွှတ်တော်အနေဖြင့် ဇန်နဝါရီလအရောက်တွင် စစ်ဘက်၏အသုံးစရိတ်နှင့် ပတ်သတ်၍ ကတိပြုမှုတစ်ခု ပေးရန်လိုအပ်ကြောင်းနှင့် အမေရိကန်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေမည့် အကြောင်းအရာများကို ရှောင်ရှားရန် လိုအပ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ တာဝန်ရှိသူများက တိုက်တွန်းထားသည်။

       အလားတူ ၂၀၂၄ ခုနှစ်အတွင်း အရေးကြီးသောမှတ်တိုင်များကို စိုက်ထူနိုင်မည့် စစ်လက် နက်ပစ္စည်း အစီအစဉ် များစွာရှိကြောင်း၊ ထို့ကြောင့် လွှတ်တော် ၏ဘဏ္ဍာငွေအတည်ပြုမှုသည် အလွန်အရေးကြီးကြောင်း ၎င်းတို့ကဆက် ပြောထားသည်။

      လွှတ်တော်အတွင်း နိုင်ငံရေးအရ ဂိုဏ်းဂဏများကွဲပြားမှုူကြောင့် အသုံးစရိတ်များကို စေ့စေ့စပ်စပ်စစ်ဆေးမှုများ လုပ်ဆောင်လာလျက်ရှိပြီး ယင်းအတွက် ပင်တဂွန်အနေဖြင့် အခက်အခဲများနှင့် ရင် ဆိုင်နေရကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN