မူဆယ်မြိုရှိ အထင်ကရ ဗုဒ္ဓဘာသာဝင်များရဲ့ အထွဋ်အမြတ် ထားသည့် ရပ်တော်မူ ဘုရားပေါ်သို့ လူသတ် အကြမ်းဖက် အဖွဲ့၏ Droup bomb ကျရောက်ပေါကွဲ၍ ပျက်စီးမှုများရှိ


အောက်တိုဘာ ၃

ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်‌မြောက်ပိုင်း‌ဒေသ၊ မူဆယ်မြိုရှိ အထင်ကရ ဗုဒ္ဓဘာသာဝင်များရဲ့ အထွဋ်အမြတ်ထားသည့် ရပ်တော်မူဘုရားပေါ်သို့ လူသတ်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ  Droup bomb ဖြင့် ပစ်ချ တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါ ဘုရားရင်ပြင်ပေါ်သို့ Droup bomb ၂ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ဘုရားရင်ပြင်နှင့် တန်ဆောင်းများ ပျက်စီးခဲ့ကြောင်း၊ ဆိုင်ကယ် ၂ စီးမီးလောင်ကျွမ်းခဲ့‌ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေတွင် MNDA,TNLA,AA အကြမ်းဖက်အဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ ကုန်သွယ် ရေး အဓိကလမ်းများပေါ်ရှိ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ လမ်းများကို ဘက်ဟိုးဖြင့် ထိုးဖျက်ကာ ကုန်စည်စီးဆင်းမှု ပြတ်တောက်စေရန် ဒေသတွင်းပြည်သူများကို လူမှုဘဝအကြပ်ရိုက်စေရန် ရည်ရွယ်ချက်ရှိရှိ အလုံးစုံပျက်သုဉ်းရေးလမ်း ကြောင်းကို လုပ်ကိုင်ဆောင်ရွက်နေကြောင့် နေ့စဉ် မြေပြင်သတင်းများအရ သိရှိရပါသည်။

PAN