ဂျပန်နိုင်ငံ မြို့တော်တိုကျို၌ အမြင့်ဆုံး မိုးမျှော်တိုက်တစ်လုံး ယနေ့ဖွင့်လှစ်

နိုဝင်ဘာ ၂၆

      ဂျပန်နိုင်ငံ မြို့တော်တိုကျို၌ အမြင့်ဆုံးအဆောက် အအုံတစ်ခုဖြစ်သည့် မီတာ ၃၃၀ မြင့်မားသော မိုးမျှော်တိုက်တစ်လုံးကို ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

      အဆိုပါ မိုရီဂျေပီတာဝါတွင် ဈေးဆိုင်များ၊ ရုံးခန်းများနှင့် လူနေအိမ်များအတွက် အထပ်ပေါင်း ၆၄ ခု ပါရှိသည်။ ဖွင့်ပွဲအခမ်းအနား အပြီးတွင် ဧည့်သည်များသည် မိုးမျှော်တိုက်အသစ်သို့ ဈေးဝယ်ထွက်ကြပြီး နေ့လယ်စာသုံးဆောင်ကြသည်။

      မိုရီဂျေပီတာဝါသည် တိုကျိုမြို့လယ်ရှိအထင်ကရနေရာသစ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိကာ နိုင်ငံခြားဧည့်သည်များကို ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။

     အဆိုပါ တာဝါသည် တိုရန်နိုမွန်နှင့် အာဇာဘူဒိုင်ခရိုင်များရှိ မိုရီဆောက်လုပ်ရေးကုမ္ပဏီက ပြန်လည်တည်ဆောက်ထားသည့် ရှစ်ဟက်တာ ကျယ်ဝန်းသော Azabudai Hills အဆောက် အအုံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယင်းအဆောက်အအုံတွင် အလုပ်သမား ၂၀၀၀၀ အတွက် လုံလောက်သော ရုံးခန်းများနှင့် ပြည်သူ ၃၅၀၀ အတွက် နေအိမ်ခန်းများ ရှိသည်။

       ထို့ပြင် ဒစ်ဂျစ်တယ်အနုပညာပြတိုက်နှင့် အခြားယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများလည်း ရှိသည်။ သဘာဝဘေးအန္တရာယ်များအတွင်းလူပေါင်း ၃၆၀၀ ဝန်းကျင်အတွက် ခိုလှုံစရာနေရာအဖြစ်လည်း ပေးစွမ်းနိုင်သည်။

      အဆိုပါ အဆောက်အအုံသည် တိုကျိုမြို့ တော်ကို နိုင်ငံတကာအပြိုင်အဆိုင် မြို့တော်တစ်ခုဖြစ်လာစေရန် ကူညီပေးမည်ဟု မျှော်လင့်ကြောင်း မိုရီဆောက် လုပ်ရေးကုမ္ပဏီအကြီးအကဲ နာကာဟီရိုကီက ပြော သည်။ မြို့တော်တွင် မိုးမျှော်တိုက်များ အရှိန်အဟုန်ဖြင့် ဆက်လက်တည်ဆောက်လျက်ရှိသည့်အတွက် အဆိုပါ အဆောက်အအုံသည် ဂျပန်နိုင်ငံ၏ အမြင့်ဆုံးအဆောက်အအုံအဖြစ် အသိအမှတ်ပြုခံရမည်ဖြစ် သည်။

      တိုကျိုဘူတာအနီးတွင် ၂၀၂၈ ခုနှစ်တွင် ပြီးစီးရန်စီစဉ်ထားသော မိုးမျှော်တိုက်တစ်လုံးသည် အမြင့် ၃၈၅ မီတာ မြင့်မည်ဖြစ်ကြောင်း သိရသည်။

#PAN