နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့စ်)များ ပုံမှန်အတိုင်း ပြုလုပ်ပေးနေ

နိုဝင်ဘာ ၂၁

      လူမှုကွန်ရက်တွင် ပွဲစားများမှ ပတ်စ်ပို့များ အမြန်ပြုလုပ်ပေးသည်ဟု လိမ်လည်မှုများအားသတိပြု ကြရန်နှင့် နိုင်ငံကူးလက်မှတ် စာအုပ်ပြုလုပ်ရာတွင် ကြို တင်ရက်ချိန်းရမှုကို ပုံမှန်အတိုင်းအွန်လိုင်းကသာ ပြု လုပ်ပေးနေကြောင်း အသိ ပေးထားပါသည်။ ပတ်စ်ပို့စာအုပ် လျှောက်ထား ချက်များနှင့်ပတ်သက်သော ဝန်ဆောင်မှုများကို ၂၀၂၃ ခုနှစ် ၁၂ လပိုင်း ၃၀ ရက်မှစတင်ပြီး ယာယီအကန့်အသတ်မရှိရပ်ဆိုင်းသွားမည်ဟု သတင်းမှားများလည်း ထွက်ပေါ်နေသည်။

       ယခုရက်ပိုင်းအတွင်း ပတ်စ်ပို့ပြုလုပ်ရန် ကြိုတင်ရက်ချိန်းယူထားသူများ၏ မှတ်ပုံတင်စာရင်းတွင် ဧပြီလ အထိ ရောက်ရှိနေပြီ ဖြစ် ကြောင်းလည်းသိရပါသည်။ ထို့အပြင် ပွဲစားများမှ ပတ်စ်ပို့များ အမြန်ပြုလုပ်ပေးနေသည်ဟု လူမှုကွန်ရက်တွင် လိမ်လည်မှုများရှိနေသည့်အတွက် သတိထားစေလိုပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအဖွဲ့ဖြင့်သာ တိုက်ရိုက်ချိတ်ဆက်ဆောင် ရွက်ရန်လည်း သတိပေးထားပါသည်။

      အွန်လိုင်းစနစ်သစ်(Online Appointment System)ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ရန် ရက်ချိန်းယူခြင်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်ကစ၍ ရန်ကုန်မြို့ရှိ ပတ်စ်ပို့ ထုတ်ပေးရေးရုံးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် ပတ်စ်ပို့လျှောက်ထားသူဦးရေမှာ အလွန်များပြားနေသည့်အတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏  ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ရန်အချိန်ကြာခြင်း၊ ဖောင်ဖြည့်ငွေပေးချေပြီး သော်လည်း ရရှိမယ့်ရက်ချိန်းအတွက် နေ့ရက်အချိန်ကို လျှောက်ထားသူထံ အကြောင်းပြန်ကြားမှု လက် ခံမှု မရရှိခြင်း၊ အုပ်စုလိုက်လျှောက်သူများအကုန်မရဘဲ ကျန်ခဲ့ခြင်းစသည့် အဆင်မပြေမှုများက လက်ရှိအချိန်အထိ ကြုံတွေ့နေရကြောင်း လျှောက် ထားသူအချို့က ဆိုပါသည်။

       ပတ်စ်ပို့စာအုပ်ကို ယခု ၁၁ လပိုင်းနှင့် ၁၂ လပိုင်းအတွင်းသာ ပြုလုပ်ပေးသည့် အမြန်ဝန် ဆောင်မှုစနစ်သည် လူဦးရေကန့်သတ်ချက်ဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းအမြန်ဝန်ဆောင် မှုများကို ၁၂ လပိုင်းအတွင်း နောက်ဆုံးထား ပြု လုပ်ပေးသွားမည်ဖြစ် ကြောင်း သိရပါသည်။

#PAN